Wednesday, August 19, 2009

ဘာရယ်တော့ မဟုတ်ပါဘူး အားကျလို့

အခု တတိယမြောက် လူငယ်နဲ့လောကဓံ-ဆိုတဲ့စာအုပ်လေး
လုပ်ဖို့ စိုင်းပြင်နေတာ။ ငွေလေး-ဘာလေးစုပေါ့။
ဘာသွားတွေ့လိုက်လည်းဆိုတော့ နာမည်ကျော်
ဆရာတော်တစ်ပါးကလည်း အခုလောလောလတ်လတ်
ဝေဒနာတွေကြားကနေ စာအုပ်လေး ထုတ်လိုက်တယ်လေ။
ကွာပုံပြောပါတယ်။ သူ့စာအုပ်နောက်မှာ အလှူရှင်တွေက
သွားရည်ကျလောက်အောင်ကို သိန်းရာချီပြီး
လှူကြတယ်မဟုတ်လား။ ဘာတဲ့ နှစ်သိန်းအောက်အလှူရှင်များ
ကိုတော့ စာမျက်နှာ အခက်အခဲကြောင့် မထည့်နိုင်လို့
ခွင့်လွင့်ကြဖို့တဲ့လေ။ ဂုဏ၀န္တေ ပဿန္တိ ဇနာ-တဲ့။ လူဆိုတာ
ဒီလိုကြီးတော့ မဟုတ်လောက်တန်ရာပါဘူး။

အော် ပြောပါတယ်။
မတူတာကို မတုပါနဲ့ဆို။ မုဒိတာပွားပါတယ်။
ကိုယ့်လည်း ဒါမျိုးမရှိသေးပေမယ့် နောက်တော့
ရှိလာနိုင်တာပဲ မဟုတ်လား။
ဟား ဟား ဟား...........။

No comments: