Sunday, December 13, 2009

အလှူငွေနှင့် ရွှေဆံပင် အပ်နှံခြင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ
အလောင်းတော် ကဿပသို့သွားရာ ပင်မလမ်းဖြစ်သော
လည်ငေါက်၊ ချင်ပြစ်လမ်းပိုင်း
ကျေးရွာပေါင်း(၆ဝ)ကျော်၊ လူဦးရေ (၅ဝဝဝဝ)ကျော်တို့၏မှီခိုအားထားရာဖြစ်သော
''ရွှေဆံပင်တံတားလမ်း''

ရန်ကုန်မြို့၊ ဗဟန်း၊ အမှတ်(၆)၊ ရွှေပိဋကတ်တိုက်၊ အာဇာနည်လမ်း၊ ရွှေတိဂုံအရှေ့မုခ်အနီးတွင်(၂)လအတွင်း အလှူခံရရှိခဲ့သောလူဦးရေ( ၉၇၃ဝ )ယောက်တို့၏ ဆံပင်ပိဿာချိန်( ၃၄ဝ )ကျော်နှင့်အလှူငွေ( ၄ဝ၃၃၇ဝဝ )သိန်းလေးဆယ်၊ သုံးသောင်း၊သုံးထောင်၊ ခုနှစ်ရာများကို ရွှေပိဋကတ်တိုက်ဌာန၏ အကျိုးတော်ဆောင်ဖြစ်သော အရှင်ရာဇိန္ဒ (မောင်မင်းစိုး၊ရွှေနံ့သာ)မှ လမ်းတံတားအကျိုးတော်ဆောင်ဆရာတော်များထံသို့ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မရမ်းကုန်း၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ (၅-၁၂-၂ဝဝ၉)နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် စုပေါင်းရေစက်ချ အခမ်းအနားဝယ် အများရှေ့တွင် အပ်နှံပြီးဖြစ်ပါကြောင်း။

အမှတ်(၆)ရွှေပိဋကတ်ဌာနတွင်လည်း အလှူခံခြင်းကို ရပ်နားလိုက်ပြီး၊ ဆက်လက်လှူဒါန်းလိုသူများအနေဖြင့်ကမ္ဘာအေး၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်နှင့်၊ မြောက်ဒဂုံ၊ ကိုးဘွဲ့ရသာသနာ ပြုကျောင်းတိုက်တွင် ဆက်လက်လှူဒါန်းနိုင်ပါကြောင်း၊ ဒုတိယအကြိမ်ရေစက်ချ အခမ်းအနားကိုလည်း ၂ဝ၁ဝ-ဇန်နဝါရီလ (၁ဝ)နေ့တွင် စုပေါင်းရေစက်ချအခမ်းအနားနှင့်ဆည်းဆာတရားပွဲတစ်ခု ပြုလုပ်သွားရန် စီစဉ်ထားပါကြောင်း သတင်းရရှိပါသည်။






No comments: