Saturday, December 19, 2009

ယဉ်ကျေးမှုသည် မည်သူမျှ တားဆီး၍မရပါ၊ သို့သော်........

ယဉ်ကျေးမှုသည် တစ်ပြည်တစ်ပြည်အတွက် အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုင်းသည် မိမိ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းမျဉ်းဥပဒေသများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့သော တိုင်းပြည် ကို နိုင်ငံတိုင်းလိုလိုက ချီးမွမ်းထောပနာကြသည်။ ဂုဏ်ယူဖွယ်အဖြစ် အသိအမှတ်ပြုကြသည်။ မြန်မာတို့ရဲ့ မရိုးနိုင်တဲ့ ရွှင်ပြပြ၊ ချစ်စရာကောင်းသော အပြုံးကို ကမ္ဘာကအသိမှတ်ပြုကြသည်။ ထို့အတူ ကိုယ်နေဟန် ကြော့ကြော့နှင့် ရိုးရာ လုံခြည်များဖြင့် တင့်လှပေဟန် အသွင်အပြင်ကိုလည်း အသိမှတ်ပြုကြသည်။ ထို့အတွက် ကမ္ဘာကြီးရဲ့ စွဲမက်စရာကောင်း သော အနေအထိုင်၊ အပြုအမူများဖြင့် တည်ဆောက်ထားသော တိုင်းပြည်တစ်ခု၏ ယဉ်ကျေးမှုကို အမျိုးသားရေး တာဝန်အဖြစ် လူတိုင်းလိုက်နာ၊ ကျင့်ကြံ၊ ထိန်းသိမ်းကြမည်ဆိုလျှင် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက ဆက်လက်ပြီး အတုယူဖွယ် အဖြစ် အသိမှတ်ပြုကြမည်ပင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များသည် ဗုဒ္ဓတရားတော်များမှ ဆင်းသက်လာ ခြင်းဖြစ်သည်။ ဘာသာတရား၏ အဆုံးအမများဖြင့် တည်ဆောက်ထားခြင်းဖြစ်သော ယဉ်ကျေးမှုများကြောင့်သာ အခုထိ ကမ္ဘာကြီးရဲ့ အသိအမှတ်ပြုခြင်းကို ခံနေရဆဲပင်ဖြစ်သည်။ လောကပါလတရား နှစ်ပါးဖြစ်တဲ့ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားနှစ် ပါးကို လက်ကိုင်ထားပြီး ရှေးမြန်မာအစဉ်အဆက် စောင့်ထိန်း၊ ကျင့်သုံး၊ လိုက်နာခဲ့ကြသောကြောင့်ဟု ဆိုလျှင်မှားမည် မဟုတ်ပေ။ ဟိရီ၊ သြတ္တပ္ပဟူသည် အရှက်၊အကြောက်ဖြစ်သည်။ မကောင်းမှု အကုသိုလ်ပြုရမည်ကို ရှက်ခြင်းကြောက် ခြင်းပင်ဖြစ်သည်။ ထိုတရားနှစ်ပါးသည် လောကကြီးကို အစဉ်သဖြင့်စောင့်ရှောက်နေသော တရားနှစ်ပါးပင်ဖြစ်သည်။ ထိုအတူ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနေခြင်း၏ ပင်မတရားဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ အရှက်၊ အကြောက်ဆိုတဲ့ တရားနှစ်ပါးဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းကြမည်ဆိုလျှင် ကမ္ဘာ့သမိုင်းမှာ ဆက်လက်ပြီး ယဉ်ကျေးမှုများဖြင့် ကောင်းမွန်စွာ ချီတက်နိုင်မည့်အခြေအနေအဖြစ် တည်ရှိနေပေ လိမ့်မည်။
အထက်ကဆိုခဲ့သလို ယဉ်ကျေးမှုသည် တားဆီးလို့တော့ ရမည်မထင်၊ သို့သော် တားဆီးသည်တော့မဟုတ်၊ မေ့လျော့နေပြီး ထင်ရာစိုင်းကာ အတားအဆီးမရှိ ခရားရေလွှတ်သလို ယိုကျလာမည့် ပျက်စီးတော့မည့်အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းကြမည်ဆိုလျှင် အားကောင်းသော စရိုက်လက္ခဏာများဖြင့် ဆက်လက်ရပ်တည်ကြမည်ဆိုလျှင် အတိုင်းမသိ ဝမ်းသာစရာပင်ဖြစ်သည်။ အနောက်ယဉ်ကျေးမှုများ ကူးစက်လာမှ လူမျိုးရေးတင့်တယ်လာ မည်ဆိုလျှင်တော့ ထိုအယူ အဆကို ကန့်ကွက်တားဆီးကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုလောက် ကူးစက်ပြန့်နှံ့ကာ ဝတ်စားတတ်ကာမျှဖြင့်တော့ တိုးတက်မှုဟု ဆိုလျှင် ထိုအဆိုကို ငြင်းပယ်ကြရမည်ဖြစ်သည်။ ဖက်ရှင်ဆိုသည့်စကား လုံးသည် တော်တော်လေးတွင် တွင်ကျယ်ကျယ်ဖြစ်လာသည်။ ကောင်းပါသည်။ သို့သော် သရုပ်ပျက်ဝတ်စားဆင် ယဉ်မှုကိုတော့ တားမြစ်သင့်သည်။ တော်တော်လေးလည်း ပေါများလာသည်။ သရုပ်ပျက်သလား၊ မပျက်သလားတော့ သူတို့အနေနဲ့ သိမြင်လိမ့်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုတော် သူကြိုက်လို့ သူဝတ်တာပဲမဟုတ်လား။ ဆိုတော့ သူကြိုက်လို့သူဝတ်လိုက်သော ပြည်သူ့အချစ် တော်များ၏ ဖက်ရှင်များသည် တစတစကူးစက်လာနေရာ၊ ဘောင်ဘီ တိုတို၊ စကတ်တိုတို၊ ဟိုပေါ်ဒီပေါ်မှသည် ပုရိသများ ကို သွားရည်ယိုကျသည်အထိ ကူးစက်လာနေသော ဖက်ရှင်မျိုး၊ ဒီဇိုင်းမျိုး၊ ဝတ်စားဆင်ယင်မှုမျိုးကိုတော့ အလိုမရှိပါ။ ဒီတော့ စောဒကတက်လာလိမ့်မည်။ ''မင်းအလိုမရှိတော့ ဘာဖြစ်သလဲ''ပေါ့။ ဟုတ်ပါလိမ့်မည်။ ဘာမှမဖြစ်ပါ၊ သို့သော် သရုပ်ပျက်ဝတ်စားဆင်ယင်မှုသည် ဗုဒ္ဓတရားတော်ဖြင့် တည်ဆောက်ထားသော မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များ တစတစ တိမ်ကောပပျောက်လာနေခဲ့သည်။ တိုင်းပြည်တစ်ခု၏ ရိုးရာယဉ်ကျေးမှုသည် တိုင်းပြည်တစ်ခု၏ အဓိက ပင်ပစီးမျောလာရာ သုံးမကုန်၊ ဖြုန်းမကုန်နိုင် သည့် ရေကန်ကြီးဖြစ်သည်။ အဆိုပါရေကန်ကြီးအား နောက်ကျုအောင် ဖျက်လိုဖျက်ဆီး လုပ်မည့်သူကို များသော အားဖြင့် လူသားများက လက်ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။
ရုပ်ရှင်မင်းသားကြီး ကိုကျော်ဟိန်းတို့ စန်းထစဉ်အချိန်က သရုပ်ပျက် ဝတ်စားဆင်ယင်မှုဖြင့် ပြည်သူလူထုကို အသုံးတော်ခံရာ၊ ပြည်သူလူထု၏ ဆဲဆို၊ ကြိမ်းမောင်းသံများ ပွဲခင်းတစ်ခုလုံး ပျံ့နှံ့ခဲ့ဖူးသည့် သာဓကတစ်ခုကို ဖတ်မိ ဖူးသည်။ အိုးဝေဂျာနယ်ထဲဖြစ်သည်။ ထိုစဉ်က ပျဉ်မနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ကျော်ဟိန်းတို့ တောက်ပနေသည့် အခါဖြစ်သည်။ ထိုပွဲမှာ ကျော်ဟိန်းကြီးရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ''ကျော်ဟိန်းအလိုမရှိ''မရှိဆိုသည့် အသံသည် ပွဲကြည့်လာသူ ပရိသတ်များ၏ အော်ဟစ်ဆဲဆိုကြသည်အထိ ဖြစ်ခဲ့သည့် သာဓကတစ်ခုရှိခဲ့ဖူးလေသည်။ ယခုလည်း ထိုကဲ့သို့ ပရိသတ်ကို ထီမထင်သည့် သဘောဖြင့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ တိုးတိုးလာနေခဲ့သည်။ ရင့်နာစရာ ဖြစ်နေကြရသည်။ လူရွှင်တော်တစ်ယောက် ပြက်သလို ဒီလို ဟိုပေါ်ဒီပေါ် ဝတ်စားဆင်ယင်တာ မင်းကမကြိုက်ဘူး လားဆိုတော့ ဟီး ကြိုက်တာပေါ့တဲ့။ ဟုတ်ပါလိမ့်မည်၊ ပုရိသများ၏ ယိုသူမရှက်၊ မြင်သူရှက် ဝတ်စားဆင်ယင်မှုမျိုး ကိုတော့ ကြိုက်ကြပါလိမ့်မည်။ ဒါကို အပြစ်ဆိုစရာမလို၊ ယိုသူမရှက်သောကြောင့်ပင် မဟုတ်ပါလော။
ကာမရာဂကို ထကြွစေသော အဆိုပါအမူအရာများဖြင့် ပုရိသများအား ဆွဲဆောင်မှုသည်၊ နှစ်ဦးနှစ်ဖက်ကို အကုသိုလ်ဖြစ်စေသည်ဟု ဆိုလိုက်လျှင် လွန်သည်ဟုဆိုကောင်းဆိုပေလိမ့်မည်။ သို့သော် ထိုအဆိုကိုသည်ကား ဗုဒ္ဓရဲ့ ယဉ်ကျေးမှု၊ အဘိဓမ္မာတရားသဘောအရ ကြည့်မြင်ဆိုလျှင် သက်ရောက်မှုနှစ်ခုစလုံးသည်၊ အကုသိုလ်တဏှာ ရာဂလောဘ စိတ်များ ယိုစီးစေမှုဟု ဆိုရမည်ပင်ဖြစ်သည်။ သို့အတွက် အဆိုပါ ဝတ်စားဆင်ယင်မှုမျိုးကို ရှောင်ရှားစေလိုသည်။ အဓိကအားဖြင့် ပြည်သူ့အချစ်တော်ဆိုသည့် ဂုဏ်ပုဒ်ကို ထမ်းဆောင်နေသည့် အနုပညာသမားများအနေဖြင့် အထူးသဖြင့် လိုက်နာသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုသည်၊ သူတို့ဘာတွေလုပ်နေသည်၊ ဘာတွေဝတ်စားနေသည်ကို အမြဲတန်းစောင့်ကြည့်လျှက် အတုယူနေကြသော ကြောင့်ပင်ဖြစ်သည်။
နောက်တစ်ယောက်အကြောင်းကို ပြောပြရမည်ဆိုလျှင် လေဘာတီမမြရင်ဆိုလျှင် ထိုခေတ်ထိုအခါက လူရွှင်တော်တွေကအစ မနောက်ပြောင်ရဲသလို၊ နောက်ပြောင်မှုကိုလည်းမကြိုက်ခဲ့သော အငြိမ့်မင်းသမီး မမြရင်ဖြစ် သည်။ သူနဲ့အမှန်တကယ် အသံရော၊ ရုပ်ရော၊ အမူအရာရော ကောင်းပြီး၊ သရုပ်ဆောင်များ ခေတ်ပြိုင်အဖြစ် ပေါ်ခဲ့ဖူးသည်။ ထိုသူများက ဥသြဘသောင်း၊ ဥက္ကလာ-မအေးကြည်၊ ယုဝတီ-မြသောင်း၊ ဥသြမယ်တင်စသဖြင့် အသံကောင်း၊ ရုပ်ချော တဲ့ မင်းသမီးတွေ၊ အဆိုတော်တွေ ခေတ်ပြိုင်ပေါ်ခဲ့ဖူးသည်။ သို့သော် ထိုထဲတွင် လေဘာတီမမြရင်သည် သူတို့ထက် ထူးကဲစွာ ကျော်ကြားခဲ့သည်။ '' သြော်..မြရင်၊ မြရင် ချစ်ကြပေသရှင်၊ ပြေတခွင်'' ဆိုသည့် အသံတွေဟာ အခုထိ လူထုရဲ့ အသည်းစွဲဖြစ်ပြီး နုတ်ဖျားမှာ ဆိုနေကြဆဲပင်ဖြစ်သည်။ ဒါဟာ သူ့ရဲ့အများနဲ့ မတူတဲ့ အချက်ကြောင့်ပင်ဖြစ်သည်။
သူမဟာ အသံမှာလည်း တမူထူးခြားလို့ '' အသံမင်းသမီး''လို့ပင် ခေါ်ရလောက်အောင်ပင် ကောင်းခဲ့သည်။ ထိုအတူ အကလည်းကောင်းသည်။ ရုပ်ကလည်း အများထက်မသာသော်ငြား ချစ်စရာအမူအရာဖြစ်သည်။ အများထက်သာ သည်ကား အခြားမဟုတ်၊ သူမဟာ မကလက်သလို၊ လျှပ်ပေါ်လော်လီတဲ့ အပြုအမူမျိုးအလျင်းမရှိ၊ နောက် မိန်းမတို့ ဣနြေ္ဒရွှေပေးလို့မရဆိုသလို ဣနြေ္ဒရရနေထိုင်ခြင်းပင်ဖြစ်သည်။ သူမဟာ ပုရိသတွေကို သရုပ်ပျက်တဲ့ အဝတ်အစား၊ အပြုအမူ၊ အပြောအဆို လုံးဝမလုပ်၊ ဒါမျိုးတွေကို ကြိုက်လည်းမကြိုက်၊ မြန်မာဆန်ဆန် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဝတ်စားဆင်ယင် ထုံးဖွဲမှုဖြင့် သေဝပ်သပ်ရပ်လှတဲ့ စရိုက်လက္ခဏာကြောင့်ပင်ဖြစ်သည်။ ဒါတွေကို အတု ယူကြရမည်ဖြစ်သည်။ လေဘာတီမမြရင်ရဲ့ အငြိမ့်ကို သမီးဖြစ် သူဟာ ဖခင်နဲ့ အတူကြည့်နိုင်သည်။ ညစ်ညမ်းတဲ့ ပြက်လုံး လုံးဝမပါ၊ လူရွှင်တော်တွေအနေနဲ့လည်း သူ့ကို လေးစားတော့ မပြက်ရဲကြ၊ ပြက်လျှင်လည်း စိုးစဉ်းမျှလက်မခံ၊ ဟိုတလော လေးက ကြည့်လိုက်ရတဲ့ ပြည်သူချစ်တဲ့ မင်းသမီးတွေရဲ့ စကားနပန်းမျိုးထဲက ပြက်လုံးတွေကို လေဘာတီကြီးသာ ကြားလျှင် မည်သို့ဖြစ်လိမ့်မည်မသိ။ သူငယ်ချင်းတစ်ယောက်ပြောသလို '' ကိုယ့်လူရေ.. ဟိုတုန်းကတော့ မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရပေမယ့်၊ အခုတော့ ရွှေတောင်မဟုတ်ဘူး၊ ငွေလောက်ပေးရင်တောင် ရနေပြီကွ'' ဆိုသလို ဖြစ်နေပြီးလား တော့ မပြောတတ်။
အချုပ်အားဖြင့် ဆိုရသော် မြန်မာဆန်ဆန် ဟန်ပန်အမူအရာနဲ့ သန့်ရှင်းသပ်ရပ် ကြော့မော့လှပစွာ ဝတ်စားဆင် ယင်မှုများဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းကြမည်ဆိုလျှင် ကမ္ဘာမှာ မြန်မာတို့ရဲ့ မရိုးနိုင်တဲ့ အသွင်အပြင်၊ အမူအရာများဖြင့် ဆက်လက်တောက်ပနေလိမ့်မည်ဖြစ်သည်။ သို့အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်သိစိတ်နဲ့ ထိန်းသိမ်းကြမည်ဆိုလျှင် ဘယ်လောက်တောင် ကောင်းမလဲဆိုတာ စဉ်းစားကြည့်ပြီး ပြုပြင်ကြမည်ဆိုလျှင် အလွန်ကောင်းသော တာဝန်တစ်ရပ်ဖြစ်နေလိမ့်ဦးသာ၊ အထက်က ပြောခဲ့သလို ယဉ်ကျေးမှုကို ဘယ်သူမျှ တားဆီး၍မရသော်လည်း၊ တာဝန်သိစိတ်နဲ့ ပြောပြခြင်းသက်သက်သာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာလိုစိတ်ဖြင့် ပြောဆိုခြင်းမျိုးမဟုတ်ပေ။
မောင်းမင်းစိုး(ရွှေနံ့သာ)

No comments: