
.......အဲဒီမှာ စမှားတော့တာပဲ.........
ညနေမှာ မွေးလို့ ဗုဒ္ဓဟူးသား မဟုတ်ဘူး၊ ရာဟုသားတဲ့
ဟုတ်တယ် အဲဒီမှာ စမှားတော့တာပဲ။
လမ်းတွေပေါ် ပြေးလွှားတတ်တော့ ပြေးလမ်းပေါ် ပြေးချင်ခဲ့တယ်။
အဲဒီမှာ စမှားတော့တာပဲ.........
မနက်ခင်း မိုးလင်းတော့ နေရောင်ခြည်ဖြာမကျတဲ့ စိုစိုစွတ်စွတ် မိုးရေထဲ
ထီးမပါခဲ့ဘူး။ ကိုယ့်ခေါင်းကိုယ် မစိုအောင်တော့ လက်နဲ့ ကာတယ်
ဟုတ်တယ် အဲဒီမှာ စမှားတော့တာပဲ
တိုးတိုးဖော်ရေ တိုးတိုးလေးပြောခဲ့တဲ့ စကားကလည်း ဒီစကားပါပဲ။
အဲဒီမှာ စမှားတော့တာပဲ......
မနေ့က ဟိုကောင်လာတယ်။ အရေမရတာ အဖတ်မရတာ မသိဘူး
မျက်နှာပေါ်က ချွေးစ၊ မျက်ဝန်းထဲက မျက်ရည်၊ ရင်ဘတ်ထဲက ဒဏ်ရာ
နားထဲက အူသံ၊ ပါးစပ်တစ်ခုလုံး မလိုတမာမှုတွေနဲ့ ပြည့်လို့
မင့်လက်တွေ၊ ခြေတွေ၊ ကျိုးကြေခဲ့တာ ကြာပြီလား။
ဟုတ်တယ် အဲဒီမှာ စမှားတော့တာပဲ........
ကိုယ့်ဒဏ်ရာကို မမေ့ဖို့ ကျုပ်တို့ရဲ့ မောင်ချောနွယ်က မှာခဲ့တယ်။
ဟုတ်တယ် အဲဒီမှာစမှားတော့တာပဲ......
မွေးလာကထဲက ဗုဒ္ဓဟူးနေ့တဲ့၊ တစ်နေ့လုံးတောင် ပိုင်ဆိုင်ခွင့်မရခဲ့တာ
ဘဝမှာ တစ်ခါတရံတော့လည်း လိပ်ပြာမသန့်သူတွေနဲ့ ဝေးရပါစေသား။
အိုးမင်းရင့်ရော်တော့မယ့် ချိနဲ့နဲ့လက် ခြေတွေကို တုန်တုန်ယင်ယင်
ဖေးဖေးမမ မရှိတော့ရင်လည်း မနာလိုစရာကောင်းတဲ့ ဦးခေါင်းလို
တစ်ခဏလောက် မေ့လိုက်ချင်သေး
အဲဒီမှာ စမှားတော့တာပါပဲ။
ဟုတ်တယ် အဲဒီမှာပဲ ......
.........စမှားတော့တာပဲ........၊။
No comments:
Post a Comment