Saturday, March 31, 2012

ကဗျာဆရာများသို့

ရယ်စရာရသစုံမဂ်္ဂဇင်း ၂ အုပ်ထွက်ပြီးနောက် အကျယ်လောင်ဆုံး ထွက်ပေါ်လာသော အသံမှာ “ရယ်စရာတစ်ခေတ် ကဗျာသစ်”ဖြစ်သည်။ “အပြား ကဗျာမျိုးဆိုရင် ကျွန်တော်မရေးဘူး” “ကျွန်တော်က အယ်ဒီတာတွေတောင်းမှ ကဗျာပို့တာ” စသဖြင့် အဖုအထစ်ပဋိပက်္ခများ၊ ရယ်စရာမဂ်္ဂဇင်းကို ကြိုက်လျှင် ကဗျာရေးပို့၊ မကြိုက်လျှင် မပို့ပါနှင့်၊ “လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ခွင့် ရှိပါသည်”။ ရယ်စရာမဂ်္ဂဇင်း အယ်ဒီတာအဖွဲ့အနေနှင့် မည်သည့်ကဗျာဆရာကိုမျှ ကဗျာစာမူမတောင်းပါ။ အပြားကဗျာများကိုပင် ဖော်ပြပေးနေခြင်းလည်း မဟုတ်ပါ။ အမှတ် (၁)၊ (၂) ကဗျာပြန်ကြားချက်များတွင် ဖော်ပြထားသည့် မူအတိုင်း အယ်ဒီ တာအလုပ်ကို အယ်ဒီတာလုပ်ခြင်းဖြစ်ပါသည်။ ပြောင်းလဲဆန်းသစ်သော ကဗျာ ခေတ်သစ်ဆီသို့ ရဲရဲတင်းတင်းလျှောက်လှမ်းနေခြင်း ဖြစ်ပါသည်။ ဝေးလံသီခေါင် မြန်မာပြည်တောင်ဖျား မြောက်ဖျား နယ်စုံအနှံ့ နိုင်ငံတကာရောက် မြန်မာကဗျာ ဆရာများထံမှ e-mail နှင့်ပေးပို့သော ကဗျာစာမူများ များစွာရောက်ရှိလာသဖြင့် ၀မ်းမြောက်စွာကြိုဆိုလျက်ရှိပါကြောင်း၊ ကဗျာသစ်လမ်းကြောင်းပေါ်သို့ ပခုံးထမ်း တင်ပေးသော ရယ်စရာပခုံးတို့မှာ လူငယ်ထု၏ ယုံကြည်ချက်ခွန်အားသစ်များနှင့် လန်းဆန်းတက်ကြွလျက်ရှိပါကြောင်းနှင့် ရှေ့လအတွက် အောက်ဖော်ပြပါ ကဗျာ ဆရာများ၏ ကဗျာများကို ဖော်ပြသွားရန် စီစဉ်ထားရှိပါသည်။


(၁) ပိုင် DJ တစ်ယောက်မွေးဖွားခြင်း
(၂) မယ်ယွေး သူမ၏တစ်နေရာရာ ((somewhere))
(၃) လင်းဝေအိမ် ဇာတ်ပွဲ
(၄) စစ်နိုင် ခိုတွေဟာ တစ်စုံတစ်ခုကို စိုးရိမ်ထိတ်လန့်နေကြတယ်
(၅) မောင်ကြူးရင့် အပြာရောင်ကောင်းကင် အ၀ါရောင်ပန်းများ
(၆) သားဦး လေယာဉ်ပျံ
(၇) လူခါး ရင်ကွဲဘူတာ
(၈) ၀င်းသိန်းထွေး (သို့မဟုတ်) ဒေလီယာ (သို့မဟုတ်) သံဝရီ (သို့မဟုတ်)
(၉) ဘုန်းနေသွန်း ညမွှေးပန်း
(၁၀) မောင်မင်းစိုး သတင်းအရင်းအနှီးရဲ့ နေ့စွဲများ

ကောက်နွယ်ကနောင်
အယ်ဒီတာချုပ်

No comments: