Saturday, December 22, 2012

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူနှစ်ဦးတိုအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်



၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်( ၂)ရက် (30-11-2012) သောကြာင်္နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာခရိုင်၊  ယင်းမာပင်မြို့နယ်၊   နံ့သာကုန်းကျေးရွာ၊ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ အဝေးရောက် မွေးရပ်မြေမှ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များ၊ ဒေသခံ    ကျေးရွာပညာပါရမီကုသိုလ်ရှင်  သံဃာတော်များမှ ဦးစီးဦးဆောင်၍ ပညာပါရမီကုသိုလ်ရှင်အသီးသီးတို့မှ ရပ်ရွာ မျိုးဆက်သစ်ခလေးငယ်များ ပညာညာဏ်ရည် ဖွံ့ဖြိုးရေးနှင့် ထူးချွန်သော ပညာတတ်ပုဂ္ဂိုလ်များ စဉ်ဆက် မပြတ် ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ပညာရည်ချွန် ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သုံးဘာသာဂုဏ်ထူးရှင်နံ့သာကုန်းရွာမှ အဘ ဦးမြင့်လေး၏ သမီး မဝေေ၀လွင်အား ပညာရည်ချွန်ဆုငွေ ကျပ်(၇)သိန်း တစ်သောင်းနှင့် ပိတောက်ကုန်းရွာမှ တစ်ဘာသာဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအား ဆုငွေကျပ်(၁)သိန်း ၅ထောင်စီအသီးသီး ပေးအပ်ခဲ့တယ်လို့သိရပါတယ်..

(အသိပေးချက်)ပညာရည်ချွန်ဆုပေးပွဲအတွက်ထည့်ဝင်လှူဒါန်းခဲ့ကြသည့်ပညာပါရမီကုသိုလ်ရှင်များ
စာရင်းကိုလည်းမကြာခင်အချိန်အခါမှာ ဖော်ပြပေးသွားပါမည်။
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် ပညာရည်ချွန် ဆုပေးပွဲအခမ်းနား မှတ်တမ်းဓာတ်ပုံများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..



      သုံးဘာသာ ဂုဏ်ထူးရှင် မဝေေ၀လွင်အား ဆုငွေကျပ်(၇)သိန်းတစ်သောင်း ပေးအပ်နေစဉ်





        တစ်ဘာသာ ဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအား ဆုငွေကျပ်(၁)သိန်း ငါးထောင်ကို ပေးအပ်နေစဉ်






                          ဆုပေးပွဲရောက်လာကြသည့် မျိုးဆက်သစ်ကျောင်းသူ/သားများအား တွေ့ရစဉ်





 ပညာရည်ချွန်ဆုပေးပွဲအခမ်းနာကို ကြွရောက်အားပေးခဲ့ကြသည့် ကျေးရွာဒေသခံသံဃာတော်များ






                               ကျေးရွာဥက္ကဌ ဦးမြင့်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား စကားပြောကြားနေစဉ်





                    (၃)ဘာသာ ဂုဏ်ထူးရှင် မဝေေ၀လွင်မှ ကျေးဇူးတင်စကား ပြောကြားနေစဉ်








တစ်ဘာသာ  ဂုဏ်ထူးရှင်မောင်မျိုးသူဝင်းမှ ကျေးဇူးတင်စကား ပြောကြားနေစဉ်





                                                 ဆုပေးပွဲအခမ်နားအပြီး ဂုဏ်ထူးရှင်များနှင့် အမှတ်တရ

No comments: