Tuesday, December 11, 2012

လင်းပွင့်စာသင်ခန်းများ OPEN CLASSROOMS



(၁) လင်းပွင့်စာသင်ခန်းဆိုသည်ကား အဘယ်နည်း
    စာသင်ခန်းများသည် လင်းပွင့်စာသင်ခန်းများသာ ဖြစ်သင့်ပါသည်။ လင်းပွင့်စာသင်ခန်းဟု သုံးလိုက်၍ လင်းပိတ်စာသင်ခန်းများ ရှိနေသည့် အဓိပ္ပာယ် သက်ရောက်နေပါသည်။ ဆိုလိုသည်မှာ စာသင်ခန်းထဲရှိ သင်ကြားရေး အထောက်အကူပစ္စည်း၊ သင်ကြားရေးနည်း စနစ်များ၊ အဆင့်မြင့်နည်းပညာများ အားလုံးသည် လင်းပွင့်မှုဆီသို့ ဦးတည်ရမည်ဟုဆိုလိုပါသည်။ ဘယ်အရာတွင် လင်းပွင့်ရမည်နည်း။
    လင်းပွင့်ရမည့် အရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။    လူသား၏ အသိÓာဏ်(ကျောင်းသား ကျောင်းသူကို လူသားဟူ၍ ကျွန်ုပ်သုံးစွဲပါသည်)
၂။    လူသား၏ တီထွင်ဖန်တီးမှုစွမ်းရည်
၃။    လူသား၏ ထိုးထွင်းကြံဆမှု
၎။    လူသား၏ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်
၅။    လူသား၏ ခံစားမှုစွမ်းအား
၆။    လူသား၏ သတိတရား
၇။    လူသား၏ ဗဟုသုတ
၈။    လူသား၏ အသိတရား
၉။    လူသား၏ ဒဿန
၁ဝ။    လူသား၏ ဘာသာစကားသုံးစွဲမှု
၁၁။    လူသား၏ လူပီသမှု တစ်ဦးချင်းစီ၏ လူပီသမှုရှုထောင့် အမျိုးမျိုးပေါ်မူတည်၍
၁၂။    လူသား၏ ငြိမ်းချမ်းရေးတရား မြတ်နိုးမှု
၁၃။    လူသား၏ ချစ်ခြင်းမေတ္တာ
၁၄။    လူသား၏ အချင်းချင်းရိုင်းပင်းကူလိုစိတ်
၁၅။    လူသား၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလိုစိတ်
၁၆။    လူသား၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလိုစိတ်
၁၇။    လူသား၏ အနုပညာ ခံစားသုံးသပ်နိုင်မှုစွမ်းရည်
၁၈။    လူသား၏ ဆင်ခြင်တုံတရားစွမ်းရည်
၁၉။    လူသား၏ ကြီးကျယ်မြင့်မြတ်လိုစိတ်
၂ဝ။    လူသား၏ ကမ္ဘာချစ်စိတ်
၂၁။    လူသား၏ အသိÓာဏ် ဖြန့်ဖြူးလိုစိတ်
၂၂။    လူသား၏ မိမိကိုယ်မိမိ တိုးတက်မြင့်မြတ်အောင် ပြုပြင်ပြောင်းလဲလိုစိတ်
၂၃။    လူသား၏ စိတ်ထားတည်ကြည်စိတ်စွမ်းအား
    စသည့် အရာများတွင် လင်းပွင့်ရမည်ဖြစ်ပါသည်။ လင်းပွင့်စာသင်ခန်းများတွင် ဆရာရော တပည့်ပါ လူသားများအနေဖြင့် ကြိုးစားလင်းပွင့်နေရမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။ လင်းပိတ်စာသင်ခန်းများတွင် အထက်ပါ အရာများ ကြိုးစားလင်းပင့်ခွင့် ပိတ်နေပါသည်။ ထို့ကြောင့် မည်သည့်စာသင်နည်းဖြင့် သင်သင်၊ မည်သည့်သင်ကြားရေး အထောက်အကူ ပစ္စည်းများသုံးလုံး၊ မည်သည့် ခေတ်ပေါ်နည်းပညာ၊ အဆင့်မြင့်နည်းပညာများသုံးသုံး၊ အထက်ပါ အရာများ ကြိုးစားလင်းပွင့်ခြင်း မရှိပါက ထိုစာသင်ခန်းများသည် လင်းပိတ်နေသော စာသင်ခန်းများသာ ဖြစ်နေပေ လိမ့်မည်။ စာသင်ကြားရေး နည်းစနစ်များ၊ ပညာရေးယူဆချက်များ၊ သင်ကြားရေး ထောက်ကူပစ္စည်းများ၊ ခေတ်မီ နည်းပညာများအားလုံး သုံးစွဲခြင်း၏ ရည်ရွယ်ချက်များသည် အထက်ပါအရာများ လင်းပွင့်ရေးဆီသို့ ဦးတည်မှသာလျှင် ထိုစာသင်ခန်းများသည် လင်းပွင့်စာသင်ခန်းများ ဖြစ်ပေလိမ့်မည်။
    စာဖတ်သူ၊ သင်မည်သည့်စာသင်ခန်းဘဝများနှင့် ထိတွေ့ခံစားဖူးပါသလဲ။ အထက်ပါစံများနှင့် ချိန်ထိုး ကြည့်ကာ ပညာရေးသိစိတ်(Educational awareness) နှင့် ပညာရေးလင်းပွင့်ခြင်း (Openness in Education) ကို ဆင်ခြင်သုံးသပ်နိုင်လိမ့်မည်ဟု ကျွန်ုပ်ထင်မြင်မိပါသည်။

၂။     လင်းပွင့် စာသင်ခန်း အငွေ့အသက် ဆိုသည်မှာ အဘယ်နည်း။ (Open Classroon Atmosphere)
    လင်းပွင့်စာသင်ခန်း အငွေ့အသက်သည် အလွန်အရေးပါလှပါသည်။ ထိုအငွေ့အသက်ရှိရန် အောက်ပါ အရည်အချင်းများကို ထူထောင်ရင်း၊ ကျဆုံးရင်း (establishing open atmosphere and failing atmosphere)  ဖြစ်နေ သည်ကို လင်းပွင့်စာသင်ခန်းများတွင် တွေ့ရှိရပေလိမ့်မည်။
    ၁။ လူသားအချင်းချင်းခင်မင်မှု(ကျောင်းသား၊ ကျောင်းသူအချင်းချင်း၊ ကျောင်းသားနှင့်ဆရာ)
    ၂။ မိမိထင်မြင်ချက်ကို လွတ်လပ်စွာပြောဆိုခြင်း(Free opinions)
    ၃။ လွတ်လပ်စွာ တွေးခေါ်ခြင်း(Free Thinking)
    ၄။ အသိဥာဏ်ကို အခြေခံ၍ ဆုံးဖြတ်ခြင်း(intellgence-based decision)
    ၅။ နွေးထွေးခြင်းနှင့် သက်တောင့်သက်သာရှိခြင်း(warmth and comfort)
    ၆။ ဆရာအား မေးခွန်းမေးခြင်း(Questioning)
    ၇။ အလိုအလျောက်တုန့်ပြန်ခြင်း(inuitive response)
    ၈။ သင်ရိုးညွှန်းတမ်းကို ဆရာနှင့်ကျောင်းသား အတူတကွ ရေးဆွဲခြင်း(co-constructing syllabus)
    ၉။ အချင်းချင်းရှင်းလင်းပြောပြခြင်း(peer-tutoring)
    ၁ဝ။ တိုင်ပင်ညှိနှိုင်းခြင်း(counselling)
    ၁၁။ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိခြင်း(self-confidence)
    ၁၂။ အချင်းချင်း ယုံကြည်မှုရှိခြင်း(mutual trust)
    ၁၃။ အသိတရားကို အခြေခံသောစကားပြောဆိုမှုများ(intellectual talks)
    ၁၄။ အချင်းချင်းလေးစားမှုရှိခြင်း(mutual respect)
    ၁၅။ ကွဲပြားမှုရှိသော်လည်း ညီညွတ်ခြင်းသဘောတရား ရှင်သန်ခြင်း(living unity in diversity)
    အထက်ပါ အရည်အချင်းများသည် လင်းပွင့်စာသင်ခန်းထဲရှိ သင်ခန်းစာများတွင် ရှင်သန်နေသော အရာများ ဖြစ်ကြပါသည်။
    ဥပမာအားဖြင့် ဆရာကသင်ကြားပို့ချချက် (lecture) တစ်ခုကို ရှင်းလင်းပြောပြပြီးသောအခါ ကျောင်းသား အချင်းချင်း ဆွေးနွေးခြင်း၊ ဆရာနှင့် ကျောင်းသားဆွေးနွေးခြင်း၊ တစ်ဦးကိုတစ်ဦး လေးစားခြင်း၊ အတွေးအခေါ်ကွဲ ပြားမှုများကို လက်ခံကာ ညီညွတ်ခြင်း၊ စိတ်ထဲမှ အလိုအလျောက်ထွက်လာသော အတွေး၊ ထင်မြင်ချက်ကို ပြောဆိုခြင်း၊ သင်ရိုးညွှန်းတမ်းကို ပူပေါင်းရေးဆွဲခြင်းစသည့် အမူအယာများကို လင်းပွင့်စာသင်ခန်းများတွင် တွေ့ ရှိရပေလိမ့်မည်။ မည်သည့်သင်ကြားရေးနည်းစနစ်ဖြင့် သင်ယူသည်ဖြစ်စေ အထက်ပါအရည်အချင်းများ စာသင်ခန်း ထဲတွင် မရှိပါက ထိုစာသင်ခန်းသည် လင်းပွင့်စာသင်ခန်း မဟုတ်ပေ။ လင်းပွင့်စာသင်ခန်း အငွေ့အသက်သည် သင်ကြားရေးနည်းစနစ်၊ နည်းပညာများထက် ပိုမို၍ အခြေခံကျသော အရာများဖြစ်ပေသည်။

၃။     လင်းပွင့်စာသင်ခန်း ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ အဘယ်နည်း
    လင်းပွင့်စာသင်ခန်းတွင် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှု ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှု ပုံစံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ၁။ ဆရာနှင့်ကျောင်းသားဆွေးနွေးခြင်း
    ၂။ ဆရာကတင်ပြ၍ ကျောင်းသားက ပြန်လည်မေးခွန်းမေးခြင်း
    ၃။ ကျောင်းသားက သူ၏ထင်မြင်ယူဆချက်ကို ပြော၍ ဆရာက ပြန်လည်ဆွေးနွေးခြင်း၊ ဖြည့်စွက်ခြင်း၊ အကြံပြုခြင်း။
    ၄။ ဆရာနှင့်ကျောင်းသားများ သဘောတူညီချက်အရ သင်ရိုးညွှန်းတမ်းများရေးသားခြင်း။
    ၅။ ဆရာသည် သင်ကြားပေးသူ ကဏ္ဍ (Teacher's role as giving knowledge)  အပြင်ဆွေးနွေးသူ၊တင်ပြသူ၊ ကူညီသူ အနေနဖြင့် ကျောင်းသားများနှင့် ဆက်ဆံခြင်း။
    ၆။ ကျောင်းသားများသည်လည်း လက်ခံရရှိသူအနေအဖြစ် ဖန်တီးသူ၊ တင်ပြသူ ပူပေါင်းဆောင်သူအနေမျိုး အဖြစ် တည်ရှိခြင်း။
    ၇။ ဆရာနှင့်ကျောင်းသား ကျောင်းသူများ၏ ပွင့်လင်းသော ဆက်သွယ်ရေးစနစ် Open Communica-tion System)   တစ်ခုကို အသားပေးကာ ပြည့်ဝသောလူသား(Whole person)  ဟူသော အယူအဆ(concept) ကို တည်ဆောက်ခြင်း။ (ဤတွင်ပြည့်ဝသော (Whole Person)လူသား  ဆိုသည်မှာ လူသား၏ ခံစားချက်၊ ခံယူချက်၊ ယုံကြည်ချက်၊ ဆင်ခြင်စဉ်းစားမှု၊ အတွေ့အကြုံ၊ ဗဟုသုတစသည်ရုပ်ပတ်  ဝန်းကျင်နှင့် စိတ်ဖြစ်တည်မှု အားလုံးကို စွမ်းအားအပြည့်အသုံးချနိုင်သော လူသားကို ဆိုလိုပါသည်။  (သို့မဟုတ်) အပြည့်အဝအသုံးချရန် ကြံဆရုန်းကန်နေသော လူသားကို ဆိုလိုပေသည်။)
    ၈။     လင်းပွင့်စာသင်ခန်းတွင် ကွဲပြားခြားနားမှုများဖြစ်သော အတွေးအခေါ်အယူအဆ၊ လူမှုဝန်းကျင် သင်ယူ မှုနည်းစနစ်(Learning Styles)သင်ကြားရေးနည်းစနစ်များသည် လင်းပွင့်စာသင်ခန်း၏ အရည်အချင်းအပေါ် (မေးခွန်း တစ်တွင် ဖြေဆိုပြီး) မူတည်၍ ညီညီညွတ်ညွတ်ဖြစ်တည်ခြင်း (Unity in diversity)  ဟူသော အယူအဆပေါ်တွင် မူတည်ကာ ရှင်သန်နေပေသည်။
    ၉။     ဖြစ်ပေါ်နေသော စာသင်ခန်းပြဿနာများကို အခြေပြုကာ ဆွေးနွေးခြင်း၊ အဓိပ္ပာယ်ရယူခြင်း၊ သင်ယူခြင်း၊ သင်ကြားခြင်းကို ပြုလုပ်ကြသည်။ (problem-besed learning)
    ၁ဝ။     ဆရာ၏ အာဏာ၊ လုပ်ပိုင်ခွင့် (Teacher's Power)သည် ကျောင်းသားများ၏ လိုအပ်ချက်၊ ထင်မြင်ချက်၊ အသိÓာဏ်အပေါ်မူတည်ကာ ဒီဂရီအတိုးအလျော့ဖြစ်လာသည်။ ဤတွင်ဆိုလိုသည်မှာ အရှေ့တိုင်း ယဉ်ကျေးမှု (eastern culture)နှင့် လူမှုဝန်းကျင်(social environment)tအရ ဆရာဟူသော စကားလုံး၏ အဓိပ္ပာယ်ဖွင့် ဆိုချက်နှင့် ပြုမှုလုပ်ဆောင်ချက်များကို အလေးထားရမည်ဖြစ်သည်။ ဆရာသည် အခြေအနေအရ တစ်ခါတရံ နောက်လိုက်သူ(follower)?၊ တစ်ခါတရံ ဦးဆောင်သူl(Leader)?၊ တစ်ခါတရံ ဆွေးနွေးညှိနှိုင်းသူ (negotiator)?၊ တစ်ခါတရံဖခင်(Father figure)?၊ တစ်ခါတရံ သူငယ်ချင်း(Friend)  ပုံစံအမျိုးမျိုးဖြင့် လင်းပွင့်စာသင်ခန်းတွင် ရှင်သန် နေရပေသည်။ ထိုသို့ ပုံစံအမျိုးမျိုးဖြစ်ရခြင်းလည်း လင်းပွင့်စာသင်ခန်း၏ ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြစ်ပါသည်။
    ၁၁။     စာရိတ္တပညာရေး (moral education)၊ လူမှုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း (Value ethics)  တာဝန် သိစိတ်(sense of responsibility)၊ လူကိုတန်ဖိုးထားစိတ် (Value on humanness)စသည်တို့ကို အခြေခံသော အုပ်စု လိုက် လုပ်ဆောင်ခြင်း(group-work)၊ နှစ်ဦးသားလုပ်ဆောင်ခြင်း(Pair-work)စသည်တို့သည် လင်းပွင့်စာသင်ခန်းတွင် ရှိနေပေသည်။
    ၁၂။    လင်းပွင့်စာသင်ခန်းတွင် ပူးပေါင်းဆောင်ရွက်မှုသည် ရံဖန်ရံခါ အတွေးအခေါ်အခြေပြု လုပ်ဆောင်မှု(idea-focused co-operation)?၊ တစ်ခါတရံ အတွေ့အကြုံအခြေပြုလုပ်ဆောင်မှု(experiential acts or learning)?၊ တစ်ခါတရံ ပြဿနာအခြေခံလုပ်ဆောင်မှု(problem-besed learning)  ဖြစ်နေကြပေသည်။
    ၁၃။ အထူးသဖြင့် ဆရာကျောင်းသား ကျောင်းသူတို့၏ လှုပ်ရှားမှုတိုင်းသည် တီထွင်ကြံဆမှု၊ ရိုင်းပင်းမှု၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ စူးစမ်းမှု၊ ဆင်ခြင်မှုတို့ဖြင့် ပြည့်ဝနေပေသည်။
ဦးမောင်မောင်သိန်း(ငြိဏ်းဝေ)
ဆက်ရန်.......

No comments: