လဲကျတိုင်း ပြန်ထဖို့ကြိုးစားခဲ့တယ်
ကံကြမ္မာက မျက်နှာသာမပေးဘူး
သွေးရဲရဲ သားရဲရဲ
စိတ်ကူးတွေ လဲကျသေဆုံး
ဦးနှောက်ခြောက်တယ်။
အရေးပြားဆန်လာတဲ့ လောကကြီးထဲ
ဘ၀ကိုမိတ္တူကူးတော့ မှုန်တယ်
တစ်နေကုန် ထိုင်ဆေးနေတာတောင်
စိတ်ကမဖြူဘူး
ဒီလူထဲမှာ မွန်းကျပ်တယ်။
လေထုညစ်ညမ်းနေတဲ့ ကောင်းကင်
ဘယ်တော့လင်းမှာလဲ
ခူးဆွတ်ပြီး ကြယ်တွေစုပုံဖို့
ချူတံတိုနေတယ်
အသွားအပြန်မရှိတဲ့ လမ်းဆုံးမှာ
ဝပ်ကျင်းထဲဝပ်လို့
လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်တယ်။
(၂၀၀၅-ဇူလိုင်-ပိတောက်မြေ)
မောင်မင်းစိုး(ရွှေနံ့သာ)
No comments:
Post a Comment