Monday, September 8, 2008

ငါလူညံ့

ဒီကဗျာလေးကို လူတစ်ယောက်ကမေးလ်နဲ့လှမ်းပို့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ဝန်ခံချက်ကို အသိမှတ်ပြုတာပေါ့။ ဒီတော့ လည်းဒီဘလော့ဂ်လေးမှာ တင်ဖြစ်တယ်။ လူတိုင်းအတွက်
မဟုတ်ပေမယ့် အဲဒီလူကို ကိုယ်စားပြုတယ်။

သူငယ်ချင်းတို့
ငါတို့လက်မောင်းမတန်းရဲဘူးလား
ဆာဗီးယားက ဘယ်လိုလုပ်ခဲ့သလဲ
ထိုင်းလန့်မှာ ဘာလုပ်နေသလဲ

သူဟာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
သူဟာငါတို့ရဲ့ခေါင်းဆောင်
အခု သူပင်ပန်းနေတယ်၊ သူမ ပင်ပန်းနေပါတယ်။
ငါတို့ဘာမှ လုပ်မပေးရဲဘူး။

လေလှိုင်းတွေ ပျံ့လွင့်နေရုံသက်သက်လား
ဓာတ်ကြီးလေးပါးအလိုအရ
မီးဓာတ်မပါဘဲနဲ့ လေဓာတ်ဟာ အသုံးမ၀င်နိုင်ဘူး၊
ငါတို့ပူလောင်လိုက်ကြပါစို့။
အချိန်မီရုံလေးပါပဲ
အခု အခုကို ငါတို့ မီးတောက်ထဲ ခုန်ချလိုက်သင့်ပြီ၊
မီးဆိုတာ ရေမပါပဲ မတောက်ဘူး၊
ဒီမီးတောက်က (ငါတို့အတွက်)အအေးဓာတ်ပေးမယ့် မီးတောက်ပါ။

မင်းကြောက်နေသလား(မလိမ်နဲ့နော်)
ငါကတော့ကြောက်တယ်။
ဗမာလူမျိုးဆိုတာ သုံးမျိုးပဲရှိတယ်ထင်ရဲ့
ကြောက်လို့ ထွက်ပြေးသူ၊
ကြောက်လို့ပုန်းနေသူ၊
ကြောက်လို့လိုက်ကိုက်သူ၊
ငါကြောက်တယ်၊ ငါလူညံ့
မင်းကြောက်လား(သတ္တိကောင်းချင်ရောင် ဆောင်ရဲ့လို့လား)

ဒီမီးတောက်မှာ ၀ါးရင်းတုတ်တွေရှိမယ်၊
ဒီမီးတောက်မှာ သေနပ်တွေရှိမယ်၊
ဒီမီးတောက်မှာ ထောင်တွေရှိမယ်။

ငါတို့မီးတောက်ထဲ ခုန်ချသင့်ကြပြီ၊
အချိန်မီလေးပါပဲ။

လင်းလက်သူ

No comments: