Friday, September 12, 2008

နံရံမဲ့ ကမ္ဘာ

ခံစားချက်တိုင်း သန္ဓေတည်ခဲ့တဲ့ နာကျင်မှုတွေနဲ့
စကားလုံးတွေ ကောင်းကင်အပြည့် ရေးခြစ်လိုက်တယ်။
ရေပျော်ငှက်တွေရဲ့ ပေါ့ပါးမှုမျိုးနဲ့
စိတ်တွေလမ်းသလားချင်ခဲ့တယ်။

ယုံကြည်ချက်ပေါ် ရပ်တည်ခဲ့ပေမယ့်
ကမ္ဘာကြီးဟာ ယုံကြည်ချက်နဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။

မေမေရေ……


ကျွန်တော်ဟာ သံခင်းတမန်ခင်း နားမလည်တဲ့ ကဗျာဆရာတစ်ယောက်ပါ
စိတ်ဆာတိုင်း ဆာနေတဲ့ စိတ်နဲ့ ကုစားတတ်ယုံကလွဲပြီး
ဘယ်သူ့ရင်ခွင်မှ ခေါင်းထိုးမ၀င်ခဲ့ပါဘူး

အချစ်ဆိုတာ ပူလောင်တဲ့မီးတောက်မှ မဟုတ်တာ
ကျွန်တော်ဟာ ကမ္ဘာကြီးကို ချစ်တတ်တဲ့
ငှက်ဖြူလေးတစ်ကောင်ဖြစ်တယ်။

မိုးရွာတိုင်း မိုးမစိုခဲ့ပေမယ့်
မိုးရာသီရောက်တိုင်း ဖျားနာခဲ့တယ်။
အဘိုးတို့ခေတ်က တစ်နဲ့တစ်ပေါင်း နှစ်
အဖေတို့ကျပြန်တော့ တစ်နဲ့တစ်ပေါင်း တစ်
ကျွန်တော်တို့လက်ထက်ရောက်တော့ တစ်နဲ့တစ်ပေါင်း ဇီးရိုး

ဒီလိုပဲ အမြဲတည်မနေတဲ့ ရလာဒ်တွေကို ကုစားရင်း
ကမ္ဘာဟာ
ပူလောင်နေခဲ့တယ်ဆိုတဲ့ အိုဇုန်းလွှာကို ဖာထေးဖို့ကြိုးစားနေခဲ့ပါတယ်။
ရောင်စုံဖူးပွင့်တဲ့ ဒီမြေမှာ
ပန်းတစ်ပင်တော့ စိုက်ခွင့်ပြုပါ။

မောင်မင်းစိုး

No comments: