ငါ့ဘာသာ နေပါရစေ
ငါတူးထားတဲ့ကျင်းလေးထဲ
ငါ့ဘာသာ မြုပ်ပါရစေ
သင့်ကိုတော့ ခင်ပါရဲ့
သင့်အပြုံးတွေအပေါ်မှာလဲ ကြည်နူးပါရဲ့
ပြောပါရစေ
သင့်နှလုံးသားကိုလဲ ငါ မြတ်နိုးမိရဲ့
ငါ့ပီတီလေးနဲ့ ငါ မူးပါရစေ
မေးသမျှကို မင်းဖြေဖို့ မလိုဘူး
ဒါတွေကို ပြောပြလိုက်တုန်းက မင်းဟာ
ငါ တွန်းထိုးမိတဲ့ သားကောင်ကို ဖြစ်လို့
အဲဒီလိုတဲ့လား
ဒါမဟုတ်ဘူး
လုံးဝမဟုတ်ဘူး

မင်းဟာ ငါရစ်မူးခဲ့တဲ့ စပျစ်ခင်းတစ်ခုပဲ
အဲဒီစပျစ်ခင်းထဲ ၀င်ကြည့်
ငါတို့ခြေရာတွေ အလျားလိုက် မောလို့
ဒီလိုပဲ နေ့တွေကို လတ်ဆက်စေရင်း
ငါတို့မှ မကြီးပျင်းခဲ့ရတာ
မောလေ..ရယ်လေ
ဒါမှသာ အလှဆုံးတေးတွေ ဆွတ်ပျံ့လို့ လာမပေါ့
သွား…စကားတွေ ကားတယ်
အမှားတွေ များတယ်။
နိဂုံးကနေ ရုန်းထလာခဲ့တယ်။
လွင်ပြင်ရိုင်း
No comments:
Post a Comment