Friday, October 31, 2008

ပျောက်ဆုံးသွားသော သဲလွန်စများ

သွေ့ခြောက်နေသော မြက်ခင်းများပေါ်မှာ
စိတ်ကူးတွေသွေ့ခြောက်လို့
ရေကြည်လည်း မဖြန်းပက်နိုင်တော့
မှောင်နေတဲ့အလင်းရောင်ထဲမှာ



ခြောက်အိပ်မက်တွေနဲ့ နိုးနေရတဲ့ မနက်ခင်းတွေ
ကောင်းကင်နဲ့မြစ်ပြင်ဟာ သူစိမ်းလို ကြီးပျင်းခဲ့ရတယ်

ဦးနှောက်များက စကားပြောတာ ဘယ်နှခါ
နှလုံးသားက စကားပြောတာ ဘယ်နှခါ
ဟိုဘက်ယိမ်းဒီဘက်ယိမ်း
ရစ်သမ်ဝေးတဲ့ ကကွက်တွေနဲ့
နေ့စဉ်မက သွေးပျက်နေရတယ်။

နားကျက်တစ်ဖတ်တည်းရှိတုန်းကလိုပဲ
သစ္စာတရားမရှိတဲ့အခါမှာ ကဗျာတွေရှိလာခဲ့တာပါ
ကျွဲတစ်ဖက်နွားတစ်ဖက် ဘ၀က
နေ့သစ်တွေအတွက်
ဘယ်ကစရမလား ညာကစရမလား
မရွေးရသေးဘူး
တကယ်တော့ ဘ၀က ဇောက်ထိုးမိုးမျှော်

ခြောက်နေတဲ့အိပ်ယာမှာ တစ်မှေးလောက်
................................
................................

မိစ္ဆာကောင်းကင်ရဲ့ လျို့ဝှက်နက်နဲမှုများ
သစ္စာတရားခေါင်းပါးရာအရပ်မှ
မြေဇာပင်များ
ငါတို့
ဘ၀က
ကြွတ်ကြွတ်အိပ်တစ်လုံးလောက်တောင်
မကြွတ်ဆပ်နိုင်တော့ဘူး။ ။

လွင်ပြင်ရိုင်း

No comments: