Thursday, November 6, 2008

အော်သံကို ရိတ်သိမ်းသွားတဲ့ သစ်ပင်

မေတ္တာတရားက စောင်ကလေးဆိုရင်
သစ္စာတရားက ရာသီဥတုဖြစ်ပါတယ်
ကောင်းကင်ပြာလဲ့လဲ့
အ၀ါရောင်တွေ အထပ်လိုက်
ပုံပုံကျလာတယ်
မျက်စိတစ်ဆုံးက အစိမ်းရောင်ရှုခင်း
ပျော်နေလား



အဆုံးမသတ်ရဲတဲ့ ဆုံးဖြတ်ချက်ယဲ့ယဲ့
ဘယ်ညာယိမ်းခွင့် မရှိတဲ့ အိပ်မက်ဖြူ
ဆောင်းနှင်းဝေ

တိတ်တိတ်ခိုးကြည့်
အတွေးဝဲထဲမှ ဖျက်ခနဲ ခုန်ထွက်
မှတ်မိစရာတွေက တစိမ့်စိမ့်
ပီတိက လှိုင်းကလေးလို ကခုန်
ဘ၀မှာ…..ချစ်သူရယ်
အခန်းသစ်တစ်ခုကို အလိုလို ဖွင့်ပြီးသား
သဲ့သဲ့ကလေး နင်းလျှောက်ခဲ့ပါ
ငါ့နားက ကြားတဲ့အထိ
ငါအော်လိုက်တယ်။

လွင်ပြင်ရိုင်း

No comments: