Friday, February 13, 2009

Valentine’s day ချစ်သူများနေ့ရဲ့ ဗီးနပ်စ်


ဗီးနပ်ဂြိုလ်ဆိုတာ နေစကြ၀ဠာမှာတော့ ဆဋ္ဌမမြောက်အကြီးဆုံးဂြိုဟ်တစ်စင်းဖြစ်တယ်။ နေမှ ဒုတိယမြောက်နေရာမှာ တည်ရှိပြီးတော့ နေကိုပုံမှန်လည်ပတ်နေခဲ့တယ်။ မြန်မာတို့အနေနဲ့က တော့ သောကြာဂြိုဟ်လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ ဂရိတွေကတော့ အက်ဖရိုဒိုက်လို့ ခေါ်ဝေါ်ခဲ့ကြ တယ်။ ဒီတော့ ဗီးနပ်ဟာ အချစ်နှင့်လှပခြင်းတို့ရဲ့ နတ်ဘုရားဖြစ်နေခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဗီးနပ်ဂြိုဟ်ရဲ့ မျက်နှာပြင်ကို လှပသော အမျိုးသမီးများရဲ့ အသွင်အပြင်နဲ့ နှိုင်းယှဉ် တတ်ကြတယ်။ တစ်ချို့ကတော့ အတောက်ပဆုံးကြယ်အဖြစ် တင်စားခဲ့ကြတယ်။ ဒါကြောင့်မို့ လည်း ဗီးနပ်ဟာ အလှနတ်ဘုရားမ ဖြစ်လာခဲ့ဟန်တူပါတယ်။

ဒဏ္ဍာရီဆန်ဆန်အဖြစ်ပျက်ကို ပြောပြရမယ်ဆိုရင်တော့ ခရိုနပ်စ်ကို ယူရေးနပ်စ်က ဆုံးမ ဒဏ်ခတ်ခဲ့တယ်။ သူ့ရဲ့အစိတ်အပိုင်းတစ်ချို့ကို ပင်လယ်ထဲ ပစ်ချခဲ့တယ်။ အဲဒီအချိန် မှာပဲ အထက်ကပြောခဲ့တဲ့ ဗီးနပ်ဆိုတဲ့ ဂရိအခေါ် အက်ဖရိုဒိုက် ကိုမွေးဖွားပေးခဲ့တယ်။ တစ်နည်းဆိုကြတာကတော့ အဲဒီအက်ဖရိုဒိုက်ကို ကြီးမားတဲ့ ကမာခွံတစ်ခုမှာ မွေးဖွားခဲ့တယ်။ အဲဒီကနေ ကုန်းမြေကို ပြောင်းရွေ့လာခဲ့တယ်။ ပင်လယ်နတ်သမီးကလည်း အက်ဖရိုဒိုက်ကို လှပတဲ့ အ၀တ်တန်ဆာတွေ ဆင်ယဉ်ပေးပြီး အလှပဆုံးဖြစ်အောင် ပြုပြင်ပေးခဲ့တယ်။ သူမဟာအလွန်လှပတဲ့ နတ်သမီးတစ်ပါးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ အဲဒီနတ်သမီးဟာ လူသားများ အလွန်နှစ်သက်ကြတဲ့ နတ်ဘုရားမအဖြစ် အသိမှတ်ပြုလာကြတယ်။ သူကို ပင်လယ်စောင့် နတ်သမီးအဖြစ်လည်း သိလာခဲ့ကြတယ်။

အခြားသော ဒဏ္ဍာရီတစ်ခုမှာတော့ သူမကို ဇုစ်နတ်မင်း(Zeus)နဲ့ဒိုင်ယွန်(Dione)တို့ရဲ့ သမီးတော်အဖြစ် ရေးသားခဲ့တာတွေတော့ရှိခဲ့တယ်။ ထားပါတော့ အင်မတန်လှတဲ့ အဲဒီ ဗီးနပ်စ်(အက်ဖရိုဒိုက်)ကို ဟေဖတ်စ်တပ်စ် ဆိုတဲ့ အရုပ်ဆိုးတဲ့ မီးနတ်သားနဲ့ လက်ထက်ဖို့ အတင်းအကြပ်ဆိုသလို စေခိုင်းခံခဲ့ရတယ်။ ဒါပေမယ့် သူမဟာ မငြင်းဆန်ခဲ့ပေမယ့် ၊ အဓိပ္ပါယ် ရှိတဲ့ စကားလုံးလှလှလေးနဲ့ နုနုညံ့ညံ့ ပြန်ပြောခဲ့လိုက်တယ်။ သူမကို ထိန်းချုပ်မှုမပြုရန်နှင့်၊ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် သူမဟာ လွတ်လပ်ရေးကို ရခဲ့တဲ့အပြင် သူအင်မတန်ချစ်ရတဲ့ အချစ်သစ်ကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့နာမည်က တော့ အဲရီးစ်ဖြစ်သည်။ သူဟာ စစ်ဘုရင်အဖြစ်၊သို့မဟုတ် နတ်စစ်ဘုရင်အဖြစ် တည်ရှိခဲ့တယ် နောက်တော့ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြတယ်။ သူတို့ရဲ့ သားသမီးတွေထဲမှာတော့ အဲရပ်စ်ဟာ ထင်ထင်ရှားရှားဖြစ်ခဲ့တယ်။ သူ့ကို ရောမတွေကတော့ ကျူးပစ်ဒ်လို့ ခေါ်ခဲ့ကြ တယ်။ ဖူးစာရေးနတ်သားလို့ လူသိများလာခဲ့တယ်ပေါ့။ အဲရပ်စ်(Eros)ဟာ ယခုချစ်သူများနေ့ ရဲ့ သင်္ကေတအဖြစ် တည်ရှိနေခဲ့ပါတယ်။ တစ်ချို့တလေကတော့ သူတို့သားအမိ(အက်ဖရို ဒိုက်၊အဲရပ်စ်)ပုံလေးတွေကို ယှဉ်တွဲလျှက် လက်ဆောင်လေးတွေ ပေးနေကြတာကို တွေ့မြင် နေခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့ လူသားတိုင်း အချစ်ကို ကိုးကွယ်တဲ့ ခေတ်မကုန် သေးဘူးဆိုတာ ပြောပြလိုက်ပါတယ်။ ဒါနဲ့ တဆက်ထဲလည်း အချစ်ကဗျာလေးတွေကို တင်ခဲ့ လိုက်ပါတယ်။

မောင်မင်းစိုး

No comments: