Saturday, October 17, 2009

ကိုယ်ပိုင်မျှော်လင့်ချက်

ရေပျော်ငှက်တွေရဲ့ အပျော်မျိုးနဲ့

ငါ လွတ်လွတ်လပ်လပ် ပျံသန်းနေချင်တာ

အလှမွေး ငါးမဟုတ်ဘူး။

လမ်းဆိုတာ သွားဖို့မဟုတ်လား

လမ်းလျှောက်ရင်း လမ်းပျောက်နေတာ မဟုတ်ဘူး

ပျောက်နေတဲ့လမ်းကို ဖော်ထုတ်နေချင်ခဲ့တာ။

ငါ့နာမည်ကို တံဆိပ်ကပ်တယ်

ငါ့ကမ္ဘာလေး ခြောက်ခြောက်သွေ့သွေ့

မြို့ပြရဲ့ လမ်းကြားထဲ ပိတ်ဆို့နေတဲ့ ကြွက်တစ်ကောင်လို

ဝပ်ကျဉ်းထဲက ရုန်းမထွက်နိုင်ဘူး

ငါ့ဒိန်ခဲ ဘယ်သူရွေ့တာလဲ!

ငါ့မျှော်လင့်ချက် ဘယ်သူရွေ့တာလဲ!

ငါ့မနက်ဖြန်ကို ဘယ်သူပိတ်ဆို့မှာလဲ!

မိုးရွာမှ မိုးရေချိုးရမှာလား

ငါ့လက်ယက်တွင်းလေးလည်း

ခါတိုင်းလို ကြည်ကြည်လင်လင် အေးမြနေခဲ့ပါတယ်။

တိမ်စိုင်တွေ ပျော်ဝင်သွားမယ့် မနက်ဖြန်မှာ

မိုးတွေလည်း ရွာပေါ့။

မိုးမိနေတဲ့ ကြွက်တစ်ကောင်လို

ကိုယ့်ဝပ်ကျဉ်းထဲ ခပ်ကုပ်ကုပ် နေထိုင်သွားတော့မယ်။

မောင်မင်းစိုး

Type the rest of your post here.

No comments: