Monday, October 12, 2009

စုပေါင်းရွှေဆံပင်လှူဒါန်းပွဲ အခမ်းအနားတစ်ရပ်ကျင်းပ

၁၁-ရက်ကွက်၊ တောင် ဥက္ကလာမှ မမိုးခိုင် လာရောက် လှူဒါန်းပုံ
အလှူရှင်တစ်ဦးမှ လှူဒါန်းနေပုံ
မဘုန်းပြည့်နော်ဖြူ-၁၀-နှစ်၊(၄)တန်း၊အေးချမ်းသာသာလမ်း ငါးထပ်ကြီးဘုရားရှေ့ လာရောက်လှူဒါန်းပုံ

MRTV-4 မှ လာရောက်မေးမြန်းသူ မသဉ္ဇာဆံပင် လှူဒါန်းနေပုံ

စစ်ကိုင်းတိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပနှင့် အမေရေယာဉ် နန်းရင်းသို့သွားရာ ပင်မလမ်းမကြီးဖြစ်ဖြစ်သည့် ကျေးရွာပေါင်း(၆၀)ကျော်၊ လူဦးရေ(၅၀၀၀၀)ကျော်တို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ်းမာရေးစသည့်တို့အတွက် မှီခိုအားထားရာဖြစ်သော လည်ငေါက်၊ ချင်ပြစ်သို့သွားရာလမ်းဝယ်၊ မြန်မာအမျိုးသမီးများ၏ စွမ်းအားဖြင့် တည်ဆောက်မည့် ရွှေဆံပင်တံတားအတွက် ရန်ကုန်ရွှေမြို့သူများ၏ စုပေါင်း ဆံပင်လှူဒါန်းပွဲတစ်ရပ်ကို တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်အတွင်း၌ (၉-၁၀-၂၀၀၉)ရက်နေ့က ကျင်းပရာ သတင်းဌာန များနှင့် မီဒီယာများမှ လာရောက်ကြပြီး သတင်းများမေးမြန်းကြရာ၊ အလွှာအသီးသီးမှ အလှူရှင်များသဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းခဲ့ကြသည်။ ယခုအခါ ရန်ကုန် ရွှေမြို့သူများအနေဖြင့် လာရောက်လှူဒါန်းထားသော ဆံပင်များအဖြစ် လူဦးရေ(၃၈၀)ကျော်၊ ဆံပင်ပိဿာ အားဖြင့်(၂၈) ပိဿာရှိပြီး၊ လှူဒါန်းထားသော ငွေများအနေဖြင့် ကျပ်(၇)သိန်းကျော် ရှိသွားပြီဖြစ်သည်။ မကြာခင်အချိန်မှာ ကျင်းပပြုလုပ်မည့် စုပေါင်းရေစက်ချပွဲကိုလည်း ကျင်းပသွား မည်ဖြစ်ရာ၊ ကျင်းပပြုလုပ်မည့် ရက်အားလည်း ဂျာနယ်များနှင့် သတင်းစာများမှာ ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လာရောက်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် အရှင်ဉာဏိဿရ၊ တိပိဋကမဟာဂန္ဓာရုံကျောင်း၊ ကမ္ဘာအေး၊ မရမ်းကုန်း၊ ရန်ကုန်၊ ဖုံး-၀၉-၅၁၂၁၈၉၁နှင့် အရှင်ရာဇိန္ဒ၊ အမှတ်(၆)၊ ရွှေပိဋကတ်တိုင်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီး၊ အာဇာနည်လမ်း၊ ဗဟန်း၊ ဖုံး-(တဆင့်)၃၈၄၃၆၃-သို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း သိရှိရ ပါသည်။




လှူဒါန်းကြသည့် စေတနာရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။

No comments: