Thursday, October 8, 2009

လက်ရှိခေတ်ပေါ်ကဗျာအခြေအနေ



အခု ကဗျာလောကတစ်ခုလုံး တုန်ခါနေတယ်၊ ဂိုဏ်းဂဏတွေ ဖွဲ့ကြတယ်၊ အယူအဆတွေကို ငြင်းခုန်နေကြတယ်၊ ခက်တာက အခုထိ ဘာမှ မသဲကွဲသေးဘူး၊ လက်ရှိအခြေအနေမှာတော့ မော်ဒန်အယူ၊ မော်ဒန်ကဗျာ ကဗျာတွေဟာ ရိုးအီနေပြီတဲ့ ဒီတော့ ကဗျာရေသေအိုင်ကြီးကို ပြုပြင်သင့်ပြီတဲ့။ ဒီတော့ လာရာတွေ၊ လားရာတွေကို ရှုမြင်သုံးသပ်ကြတယ်။ ခက်တာက သူတို့ကိုယ်တိုင် ဘာဆိုလိုမှန်း မသိဖြစ်နေတယ်။ လောလောဆယ်တော့ ဟုတ်သည်၊ မဟုတ်သည်အပထား လက်ရှိအခြေအနေမှာတော့ ဇေယျာလင်း ဦးဆောင်းတဲ့ အယ်လ်ပီ(Lp) နဲ့ အောင်ရင်ငြိမ်းစတဲ့ လူငယ်တွေ ကြွေးကြော်နေတဲ့ နှီယိုမော်ဒန် ဆိုပြီး အယူအဆ နှစ်ခု ကွဲပြားနေခဲ့ပါတယ်။ တစ်ချို့ကတော့ ပြောတယ်။ ဒါဟာ အရေးမကြီးပါဘူးတဲ့၊ ကိုယ်လုပ်စရာရှိတာကို သစ္စာရှိရှိ၊ စေတနာအရင်းခံပြီး လုပ်သွားဖို့ လိုတယ်တယ်။ ဒီတော့ ထပ်ပြီး မှတ်ချက်၊ ချရမယ်ဆိုရင်တော့ ခေတ်ကာလ အသိုင်းအတိုင်းအတာ(၁၉၇၀) ကျော်လောက်က စခဲ့တဲ့ မော်ဒန်ဟာ ခေတ်တစ်ခေတ်အနေနဲ့တော့ အနှစ်သုံးဆယ် ကျော်သို့ ရောက်ရှိနေခဲ့ပါပြီ။ ဒီတော့ ရိုးအီနေပြီလို့ ဆိုရမှာလား။ ဒါဆိုရင်တော့ ပြုပြင်ပြောင်းလဲ ဖို့တော်တော်လေးကို နောက်ကျ နေခဲ့ပါပြီ။ သို့မဟုတ်ရင် ကြွေးကြော်သူတွေကကော ဘာတွေကို ချမှာလည်း၊ သို့မဟုတ်လည်း ကိုယ်တိုင် ဘာဆိုလိုမှန်း၊ သို့မဟုတ် ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ ဝေခွဲံမရသေးရင်တော့ ဒီရေသေအိုင်ထဲမှာပဲ ဆက်လက်လျှောက်ကြ ဖို့လိုနေပါသေးတယ်၊ ဒီတော့ ခင်ဗျားအနေနဲ့ကော ဘယ်လို ရှုမြင် သုံးသပ်ပါသလဲ။ သေချာတာတစ်ခုကတော့ အပြောင်းအရွေ့တစ်ခုဆီကိုတော့ ဦးတည်သင့်နေပြီလို့
ယူဆနေကြပါတယ်။ ကိုယ်ယုံကြည်ရာကိုသာ ဦးတည်ပြီး ဆက်လက်မောင်းနှင်နေကြဦးမည်ဆိုသာ သေချာနေပါသေးသည်။
ဒီလိုနဲ့ စိတ်ထဲရှိတာတွေကို ရေးချင်သလို ရေးထားပါတယ်။ ခင်ဗျားအနေနဲ့ ကြိုက်နှစ်သက်ရာ ပေတံနဲ့ တိုင်းတာနိုင်ပါတယ်။ ဆက်လက်ပြီးလည်း စိတ်ထဲရှိတာတွေကို စိတ်ကူးပေါက်သလို ရေးသားပါဦးမယ်။
ရွှေနံ့သာ

No comments: