Friday, January 27, 2012

ရယ်စရာမဂ္ဂဇင်းအတွက် စာမူများဖိတ်ခေါ်ခြင်း

တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သော
ဆရာကောက်နွယ်ကနောင်၊ ဆရာမာလတ်တို့ ဦးစီးထုတ်ဝေမည့်
ရယ်စရာမဂ္ဂဇင်းအတွက် မည်သည့်ကလောင်ရှင်မဆို
ကဗျာများ
ဟာသဝတ္ထုတိုများ
တစ်မျက်နှာဝတ္ထုတိုများ
သရော်စာ ဆောင်းပါးများ
ကာတွန်များ
ကာတွန်းအတွေးများ
စာမဲ့ကာတွန်းများ
အက်ဆေးများ
သရော်စာအက်ဆေများ
လူငယ်ကဗျာကဏ္ဍအတွက် ကဗျာများ
ကယ်ရီကေးချား(ပြိုင်ပွဲ)
ဝတ္ထုတို(ပြိုင်ပွဲ)
ပေးပို့နိုင်ပါသည်။ မကြာခင် ထွက်ရှိနိုင်ရန် စီစဉ်နေပါသည်။
ဆက်လက်ပြီးလည်း အသစ်အသစ်များကို စိတ်ကူးရှိသလို အခန်းကဏ္ဍများ
ထပ်မံတိုးချဲ့ပြီး ဖော်ပြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါအခန်းကဏ္ဍများကိုလည်း
ဆက်လက်ပြီး ဖော်ပြပေးမည် ဖြစ်ပါသည်။


ပေးပို့လိုသူများသည်
Email: yisayar.magazin@gmail.com
Facebook: yisayar.magazin သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။ Facebook တွင်လည်း
ရွေးခြယ်ထားသောစာမူများ၊ မူဝါဒများကို ဆက်လက်တင်ပေးနိုင်ရန် ကြိုးစားနေပါသည်။
ရယ်စရာမဂ္ဂဇင်း ၀ိုင်းတော်သားများ

No comments: