Wednesday, February 1, 2012

စာအုပ်အဆက် . . .ပါရမီများနှင့် ဘုရားရှင် . . .၁။ ဒါနပါရမီ


ပါရမီများနှင့် ဘုရားရှင်

ကမ္ဘာလောကရှိ ကြီးကျယ်သော ဘာသာရေးတည်ထောင်သူပုဂ္ဂိုလ်များထဲတွင် တစ်ဦးတည်းသော ဆရာဖြစ်သည့်၊ ဗုဒ္ဓမှ လွဲ၍ မည်သူမျှ လူသားအဖြစ် (ဖြစ်ခြင်း) ကို အဆိုမပြုခဲ့ပေ။ လူသားတစ်ယောက်အဖြစ် သတ်မှတ်ရသော်လည်း ဗုဒ္ဓသည် ပါရမီဆယ်ပါး သို့မဟုတ် ဆယ်ပါးသော ပြည့်စုံခြင်းများဖြစ်သည့် အမြင့်မားဆုံးသော ဖြည့်ကျင့်ခြင်းအတွက် မရေမတွက်နိုင်သော ဘဝများတွင် ဖြည့်ကျင့်ပြည့်စုံစေပြီးသည့် ထူးခြားသော လူသားဖြစ်ပါသည်။
ပါရမီဆယ်ပါးမှာ ဒါန- ပေးကမ်းခြင်း၊ သီလ- ကိုယ်ကျင့်တရား၊ နေက္ခမ္မ- စွန့်လွှတ်ခြင်း၊ ပညာ- Óာဏ်ပညာ၊ ဝီရိ ယ- ဇွဲလုံ့လရှိခြင်း။ ခန္တီ- စိတ်ရှည်သည်းခံခြင်း၊ သစ္စ- မှန်ကန်ခြင်း၊ အဓိဋ္ဌာန- ခိုင်မာပြတ်သားခြင်း၊ မေတ္တာ- ချစ်ခြင်းနှင့် ဥပေက္ခာ- (ခံစားမှု) မျှခြေတို့ဖြစ်ပါသည်။ ဗုဒ္ဓသည် ကမ္ဘာလောကတွင် အံ့ဖွယ်အကောင်းဆုံးလူသား ''အစ္ဆရိယမနုဿ'' ဖြစ်တော်မူပါသည်။ ဗုဒ္ဓသည် မိမိကိုယ်တိုင်လည်း နတ်ဘုရားတစ်ပါးဟု မှတ်ယူတော်မမူပေ။ မိမိ၏ နောက်လိုက်များကိုလည်း သူ့အား နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူရန်လည်း မိန့်တော်မမူပါချေ။ သို့ရာတွင် ဗုဒ္ဓသည် နတ်ဘုရားများ၏ ဆရာအရှင် သို့မ ဟုတ် နတ်များ၏ မင်းဖြစ်သည်။ 'ဒေဝါတိဒေဝ' ဟု မှန်ကန်စွာ မှတ်ယူတော်မူပါသည်။
ယင်းပါရမီဆယ်ပါးကို အကျဉ်းသဘောအနေဖြင့် အနည်းငယ်လောက် တစ်ခုချင်း ထုတ်ပြရမည်ဆိုလျှင် ပိုပြီး ပြည့်စုံ သွားပေလိမ့်မည်။ ပါရမီကို အမျိုးမျိုးဖွင့်ဆိုပြောဆိုခဲ့ကြသော်လည်း သည်နေရာမှာတော့ မြင့်မြတ်သူတို့၏ အလုပ်ဟု အများသိပြီး၊ လက်ခံထားပြီးသည့် စကားလုံးကို ဖွင့်ပြလျှင် ပိုပြီး သင့်တော်ပေလိမ့်မည်။ ပါရမီဆယ်ပါးဟုဆိုသော်လည်း တစ်ပါးစီကို ပြန်ပြီး သုံးမျိုးစီ ခွဲခြားထားသည့်အတွက် ပါရမီဆယ်ပါး၊ အပြားသုံးဆယ်ဆိုတာ ဖြစ်လာသည်။ ဥပမာအားဖြင့် ဒါနပါရမီကို သုံးမျိုးထပ်ခွဲလျှင် ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီဟု ဒါနကို မြင့်သထက် မြင့်လာမှုအနေအားဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။ ထိုနည်း အတူ အခြားပါရမီများကိုလည်း ပါရမီ၊ ဥပပါရမီ၊ ဥပပရမတ္ထပါရမီဟု သုံးမျိုးစီ ထပ်ခွဲလျှင် အပြားသုံးဆယ်ဖြစ်လာမည်ဖြစ်သည်။

၁။ ဒါနပါရမီ

ပါရမီဆယ်ပါးတို့တွင် ဘုရားအလောင်းသည် ဒါနပါရမီကို ရှေးဦးစွာ ပြုကျင့်ခဲ့သည်။ ဒါနနှင့်စပ်ဆိုင်၍ ပိဋကတ်ကျမ်း စာများ၌ အမျိုးမျိုးအဖုံဖုံဖွင့်ထားသည်ကို တွေ့ရသော်လည်း အနှစ်ချုပ်အားဖြင့် မိမိနှင့်စပ်ဆိုင်သော ပစ္စည်းဝတ္ထုတစ်ခုခုအား သူတစ်ပါးပေးကမ်းခြင်းပင် ဖြစ်သည်။ သို့သော်ရည်ရွယ်ချက်၊ စေတနာထားရှိချက်၊ လုပ်ဆောင်ချက်များ မတူညီနိုင်သလို အကျိုးပေးခြင်း များလည်း များစွာ ကွဲပြားစေလိမ့်မည်။ သို့သော်ဘုရားအလောင်းတော်အနေနှင့် ပြုလုပ်ခဲ့သော အလှူဒါနသည် စီးပွားတိုးတက်ဖို့၊ လာဘ်လာဘပေါများဖို့၊ နတ်စည်းစိမ်မျိုးစုံ၊ လူစည်းစိမ်မျိုးစုံကို ပြည့်ပြည့်ဝဝခံစားဖို့ဟူသော ရည်ရွယ်ချက်ကား စိုးစဉ်းအနည်းငယ်မျှပင် မရှိပေ။ ရည်ရွယ်ချက်အနေဖြင့် လောကမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်အကျိုးငှာ လှူဒါန်းမှုဖြစ်သည်။ အဆိုပါလောကမှ ထွက်မြောက်ကြောင်းကိုလည်း မိမိတစ်ကိုယ်ရေအနေဖြင့် လွတ်မြောက်လိုခြင်းမျိုးမဟုတ်၊ မိမိလွတ်မြောက်သလို သတ္တဝါတွေကိုလည်း လွတ်မြောက်စေလိုသည့် ဆန္ဒ၊ မိမိသိလျှင်လည်း အခြားသော ဝေနေယျတို့အား သိလိုသည့် ဆန္ဒဟူသော ရည်ရွယ်ချက်ဖြင့် ပရ ဟိတအကျိုးငှာ ပိုကဲပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အလှူဒါနများနှင့် လောကကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များ များစွာ ရှိသည်။ သာဓက ပေါင်းများစွာကို အကျယ်ထုတ်ပြရန်ကား သည်စာအုပ်အနေဖြင့် လုံလောက်မှုရှိဟန် မတူပေ။ သိသာထင်ရှားသော ဇာတ်တော် အနေဖြင့်ကား ဝေဿန္တာဇာတ်သည် လူသိများသည်။ သည်ဇာတ်အနေဖြင့်ပင် ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီများစွာ ကို သိသာနိုင်သည်။ လုပ်ဆောင်ခဲသော အလုပ်မျိုးကို လုပ်ဆောင်ခဲ့ခြင်း၊ လှူဒါန်းမှု၏ ပုံဆောင်ခဲများဖြင့် ပြည့်နှက်နေခဲ့သည်။ အကိတ္တိဇာတ်လို ဘဝဖြစ်စဉ်များသည်လည်း နက်နဲသည်။ ဒါနဆိုသည့် အလှူအတန်းကို စစ်ထိုးခြင်းနှင့် နှိုင်းယှဉ်ပြသထားသည့် ဒေတာများကိုလည်း တွေ့ရသည်။ စစ်ပွဲတစ်ခုတွင် ဘယ်လိုသော နည်းဖြင့် ရန်သူကို အနိုင်ရရန် လုပ်ဆောင်ရမည်ကို သိရှိသလို၊ ကြိုးစားသလို၊ မိမိအတွင်းသန္တာန်၌ ဖြစ်ပေါ်နေသော လောဘနှင့် တူသော ရန်သူကို အနိုင်ရရန် တိုက်ခြင်းမျိုးဖြစ်သည်။ ဒါနနှင့် ပတ်သက်ပြီး လေးစားရမည့်၊ အတုယူရမည့်၊ လိုက်နာရမည့် လုပ်ဆောင်ချက်များစွာထဲမှ ယုန်ပညာရှိ ဘဝက အဖြစ်အပျက်တစ်ခုကို သတိရမိသည်။ ဗြဟ္မဏအယောင်ဆောင်လာသော သိကြားမင်း၏ စမ်းသပ်မှုဟုဆိုရမည်ဖြစ်သည်။ ထိုစဉ်အခါက တိရစ္ဆာန်ဘဝပင် ဖြစ်လင့်ကစား၊ မိမိအလှူဒါနနှင့် ပတ်သက်ပြီး သူတစ်ပါးအပေါ်မှာ ဘယ်လောက် စေတနာထားသည်ဆိုသည်ကို လေ့လာ၊ အတု ယူရမှာ ဖြစ်သည်။ မိမိထံ အလှူခံလာသော ဗြဟ္မဏအား ဘာမျှပေးလှူစရာ မရှိသောကြောင့် ဗြဟ္မဏအား မီးဖိုခိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မိမိမှာ အခြားပေးလှူစရာ မရှိ၍ မိမိ၏ အသားကို ပေးလှူလိုသောကြောင့်ဖြစ်သည်။ ယုန်၏ သန္တာန်မှ စီးဆင်းလာသော စိတ်ဓာတ်ကား လူများပင် လုပ်ဆောင်ဖို့ ခဲယဉ်းနေပေလိမ့်မည်။ ဖိုခိုင်းထားသော မီးဖိုထဲကို မိမိကိုယ်တိုင်ခုန်ချကာ အသက်ကို ပဓာနမထားဘဲ မိမိအသားကို ပေးလှူရန် ဖြစ်သည်။ ''ကျုပ်ကို သတ်မယ်ဆိုရင် ခင်ဗျားမှာ သူတစ်ပါးအသက်ကို သတ်ဖြတ်မှုကြောင့် ပါဏာတိပါတကံမြောက်နေလိမ့်မယ်၊ ဒါကြောင့်ကိုယ်တိုင်ပဲ မီးပုံထဲ ခုန်ချလိုက်မယ်။ ပြီးတော့မှ ကျက်သွားတဲ့ ကျုပ်ရဲ့ အသားကို စားပါ'' ဆိုသည့် ဆန္ဒဖြစ်သည်။ ထိုမျှခက်ခဲသော၊ နက်နဲသော အလှူဒါကို လှူဒါန်းခြင်းသည် မိမိတစ်ဦး တစ်ယောက်အတွက် မဟုတ်ခဲ့ပေ။ သဗ္ဗညုတÓာဏ်ကို ရရန် ရည်ရွယ်သော်လည်း အဆိုပါရည်ရွက်ချက်၏ နောက်ကွယ်မှာ မိမိရ ရှိသလို၊ ခံစားသလို၊ သိသလို၊ လွတ်မြောက်သလို အခြားသော ဝေနေယျများစွာအတွက် မိမိနှင့်ထပ်တူကျစေဖို့ ရည်ရွယ်ချက်မှန်မှန်နှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့ကတော့ ပြောသည်။ ဒါနဆိုသည့် အလှူအတန်းသည် သူတော်ကောင်းမှန်လျှင် လုပ်ဆောင်ရမည့် အလုပ်ဟု သဘောထားပြီး လုပ်ဆောင်ဖို့ လိုသည်ဟု ဆိုကြသည်။ သေချာတာ တစ်ခုအနေဖြင့် ပြောရလျှင် ဘာသာတိုင်းလိုလို အလှူအတန်းကို ကောင်းသည့် လုပ်ငန်းဟု သတ်မှတ်ခဲ့သည်။ လုပ်ဆောင်ခဲ့ကြသည်။ သို့သော်အထက်က ပြောခဲ့သလို ရည်ရွယ် ချက်ချင်းကတော့ မတူ။ အလွန်ပဲ ခြားနားလှသည်။ ခက်ခဲစွာ ရုန်းကန်နေရသော လူသားများစွာသည် တိုင်းပြည်တစ်ခုတွင်ဖြစ်စေ၊ သို့မဟုတ် ကမ္ဘာပေါ်တွင်ဖြစ်စေ သန်းပေါင်းများစွာ ရှိနေခဲ့သည်။ သူတို့၏ ဆင်းရဲမွဲတေမှုများကို တာဝန်ရှိသူများ၊ တာဝန်သိသူ များအနေဖြင့် ဆင်းရဲတွင်းမှ ဆွဲတင်ရန် အလွန်ပင် လိုအပ်ပေလိမ့်မည်။ ပါရမီမြောက်မှု၊ မမြောက်မှုထက် လုပ်ဆောင်ရမည့် လုပ်ငန်းများစွာတွင် ဘုရားလောင်း၏ လုပ်ဆောင်ချက်များကို နည်းယူပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ၄င်းနှင့် ပတ်သက်ပြီး မဟာသုဒဿန စကြဝတေးမင်းဖြစ်စဉ်က လုပ်ဆောင်ခဲ့သော လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြောပြရန် များပြားလွန်းသည်ကြောင့် သေခါနီးဆဲဆဲတွင် မှာကြားသွားသော စကားလေးတစ်ခွန်းကိုပဲ ပြန်လည်ဖောက်သည်ချလိုက်ပါသည်။ မိမိနည်းတူ တိုင်းသူ ပြည်သားများကိုလည်း ဖြည့်ကျင့်လိုသည့် စစ်မှန်သည့် ပြောဆိုချက်ဖြစ်သည်။ ''အလှူဒါနမျိုးစုံကိုပေးကမ်းလှူဒါန်းကြရမယ်၊အကျင့်သီလနဲ့ပြည့်စုံစွာနေကြရမယ်၊ဥပုသ်သီတင်းဆောက်တည်ကြရမယ်'' ဆိုသည့် လုပ်ငန်းများကို လုပ်ဆောင်ကြရန် အသိပေးခဲ့သည်။ မှာကြားသွားခဲ့သည်။
မောင်မင်းစိုး

No comments: