ငြိဏ်းဝေဒေလီ (၂)
အနည်ထိုင်ရင့်ကျက်မှုတွေရဲ့ လွတ်လပ်ခြင်းဟာ တိမ်ပန်းချီနဲ့ မြေအလှကို ပေါင်းစပ်ထားတာ
ရင့်ကျက်တဲ့ လွတ်လပ်ခြင်းဆိုတာ ရင့်ကျက်တဲ့ မပြောခြင်းရဲ့ သဘောပေါက်မှုပဲ ဖြစ်တယ်
တာဝန်တွေ နားလည်မှုတွေ ဉဏ်အမြင်တွေနဲ့ ရင့်ကျက်တဲ့ တည်ငြိမ်မှု နကမ်္ပတိအလှစု
ငါတို့ဘ၀ကို ဒီလိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပါတယ်
တစ်ယောက်အတွက် နောက်တစ်ယောက်ဟာ နိမိတ်ဖတ်ဖို့ ရောက်လာခဲ့တဲ့ ကမ်္ဘာကြီးရဲ့
ဖွဲ့စည်းပုံဥပဒေကမ်္ဘာကြီးရဲ့
ဘ၀အတွေ့ပေါင်းအကြုံပေါင်းများစွာ ဖြတ်သန်းနေထိုင် အနည်ထိုင်ပြီးတဲ့သကာလ
ကိုယ့်ဘ၀အမှန်အရှိတရားကို ယထာဘူတကျကျ ရှုမြင်သိရှိသွားတဲ့အခါမှာ
တချို့အရာအားလုံးဟာ ကိုယ်နဲ့မဆိုင်
တချို့အရာအားလုံးကို ရာနှုန်းပြည့်ဆုံးရှုံး
တချို့အရာအားလုံးကို ၅၀% ဆုံးရှုံး ဒါမှမဟုတ် ၅၀% အောင်မြင်ခဲ့
တချို့အရာအားလုံးကို ၂၅% ဆုံးရှုံး ဒါမှမဟုတ် ၇၅% အောင်မြင်ခဲ့
တချို့အရာအားလုံးဟာ မွေးကတည်းက ကိုယ်နဲ့မကွာ သစ်္စာရှိစွာ ပါရှိလာ
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်သည်ကား နေမြဲတိုင်း နေမြဲသာတည်း
ဂန်္ဓီမျက်မှန်နှင့် စတိဂျော့ဗ်အား စ၍စကားပြောကြည့်ကြစမ်းပါလေ
မိသားစုမှသည် ကမ်္ဘာကြီးအကြောင်း နည်းပညာသစ်မှသည် ဒီမိုကရေစီသစ်အကြောင်း
စားပွဲပေါ်ရှိ ကြေးပန်းအိုးကလေးတွင် အရွက်စိမ်းစိမ်း အခက် ၃ ခက် စိုက်ထူပါသည်
နေထိုင်ကြသူ လုပ်ကိုင်ကြသူ ကြိုးစားကြသူ ပြည်သူအပေါင်း
နှစ်ထောင်းအားရစွာ ပျော်ရွှင်ပါစေသား
space ဟာ ခုံးတံတားခုံးခုံး လမင်းကို မော်ကြည့်ပြီး
ငါတို့သီချင်းသီဆိုလျှောက်ကြရအောင် မည်သူမဆို ဘယ်ဝါမဆို
ရောင်စုံတွေပြွမ်းပြွမ်းထလို့ ကန့်လန့်ကာ ဂီတတွေတစ်ပေါက်တစ်ခေါက် ထပ်ဆိုချင်သေးရင်
မှတ်တမ်းမတင်ရသေးသော ရင့်ကျက်သည့် အောင်မြင်မှုအပေါင်းအား
အပန်းဖြေကမ်းခြေက တံတားလေးပေါ်က ပြူတူတူကြည့်ရင်း
ဘ၀နေပူဆာလှုံပုံ ကိုယ်လုံးအစုံ ၀န်းခြုံသည့် သစ်္စာမြားချက်များ
သစ်္စာမြားချက်များ မုသားဝါဒီ အသီလ၀ါဒီတို့
ရှောင်ရှားနိုင်ကြကြောင်း အမြဲဆုတောင်းခြွေသတည်း
ငြိဏ်းဝေ
ဘာလော့တယ်လီ
အရေးပေါ်မီးသတ်ကားလို ထိတ်လန့်ဖွယ်ရာတွေနဲ့
မီးလောင်ပြီးပြာကျသွားသလို အနိဋ္ဌာရုံမြင်ကွင်းနဲ့
လောကကြီး တယ်ပြီးသာယာလှပပါလားလို့ ပြောနေဦးမလား ဘာလော့တယ်လီ
မင်းက စစ်ပွဲတွေကို ငြင်းတယ် ပဋိပက်္ခတွေကို ဖန်တီးတယ်
မင်းကန်လိုက်တဲ့ ဘောလုံးတွေ အမြဲတမ်းဂိုးဝင်မလားဆိုတာတော့ မသိဘူးတဲ့
သူ့အကြောင်း သူ ကိုယ့်အကြောင်းနဲ့ ကိုယ်
မင်းက ပတ်မကြီးဓားနဲ့ထိုးရာမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လို့
ကောက်ရိုးပုံမီးရှို့ရာမှာ သူမတူအောင် ထူးချွန်လို့
ဘာလော့တယ်လီ
အာဖရိကမှာ မွေးပြီး အီတလီရုပ်မပေါက်တဲ့ ကောင်ကြီး
မင်းအကြောင်းတွေ အီတလီက လွဲပြီး ကျန်တဲ့ နေရာမှာ သတင်းမွှေးလှတယ်
“ဘ၀မှာ အများကြီးတတ်စရာ မလိုဘူး တစ်ခုပဲ တတ်ဖို့ လိုတယ်
လူမှာ ခြေနှစ်ချောင်း လက်နှစ်ချောင်း ဦးခေါင်း ပခုံးတွေ ရှိလို့
အဲဒီအထဲက အနည်းဆုံးနှစ်ခုပဲ ရွေးပါကွာ
မင်းဖွင့်ဆိုသလို မင်းက မင်းပခုံးနဲ့ ညာခြေကို ရွေးသတဲ့လား
မင်းပခုံးနဲ့ ၀င်တိုက်တဲ့ ဘောလုံးတွေ နောက်ပေါက်နဲ့ သွင်းလိုက်တဲ့ ဂိုးတွေ
ကမ်္ဘာ့အလှပဆုံးစာရင်းဝင်ပေမယ့် မင်းကြောင့် ဘယ်သူမှ အသိအမှတ်မပြုဘူး
ကြက်တူရွေးဝင်စားသလား ဒါမှမဟုတ် ကျီးကန်းသေလို့ ၀င်စားသလား ဘာတော့တယ်လီ
ကြက်တူရွေးနှုတ်တိုက်ရွတ်သလို ကိုယ့်စကားက ဘယ်ရောက်လို့ ရောက်မှန်းမသိ
ကျီးအာသလို ကိုယ့်အသံက တစ်ဖက်လူနားထဲ ခါးလို့ ခါးမှန်းမသိ
မင်းကတော့ မင်းအထာနဲ့ မင်း မင်းလွတ်လပ်မှုနဲ့ မင်း
တစ်ကိုယ်တော် သာယာနာပျော်ဖွယ်ဖြစ်လို့
ကောင်းပါတယ်ကွာ
မိသားစုတစ်စုမှာ စုန်းပြူးပါသလို ဘောလုံးတစ်သင်းမှာ စုန်းပြူးပါတာလည်း အနုပညာတစ်မျိုးပဲ
မင်းမပါရင် မင်းအသင်းကစားပုံ ကြည့်မကောင်းတာ အမှန်
နိုင်နိုင်ရှုံ့းရှုံး မင်းအပြုံးမပျက်တာ
အ၀ါထိထိ အနီထိထိ မင်းအရယ်မပျက်တာကို အံ့သြရတယ်
ဘာလော့တယ်လီ
မင်းက မင်းကိုယ်မင်း မက်ဆီထက် သာတယ်
မင်းက မင်းကိုယ်မင်း ဒိုလေးထက် တော်တယ်
ကမ်္ဘာ့အဆင့်တစ် စပိန်လောက်တော့ ပျင်းသေးသတဲ့
စကားလုံးတွေနဲ့ အကြောလျှော့နေသလား ဘာလော့တယ်လီ
ဘာပဲဖြစ်ဖြစ် အဲဒီစကားလုံးတွေက မင်းပရိသတ်အတွက်တော့ အပျင်းပြေစေတယ်
ရောက်တဲ့ နိုင်ငံ ရောက်တဲ့ အသင်းတိုင်းမှာ
နည်းပြတွေနဲ့ အဆင်မပြေတိုင်း တရှူးရှူး တရှဲရှဲ မုန်ယိုသလို ဆင်ကန်းတောတိုး
ပြီးတော့ ဖခင်ရင်ငွေ့လှုံသလို ငြိမ်ဝပ်ပိပြားလို့
မင်းရဲ့ ဒီမိုကရေစီက လူတွေကို ရူးစေသတဲ့
မင်းရဲ့ ကောက်ရိုးပုံမီးရှို့တဲ့ ၀ါဒက လူတွေကို မျက်စိလည်စေသတဲ့
နှပ်ချေးငါးပိထက် ငါးပိကို နှပ်ချေးဖြစ်အောင် လုပ်မယ်
ဒီအပင်ဟာ ဘယ်မြေမှာ ရှင်သန်ခဲ့တယ်ဆိုတာထက် ဒီအပင် အသီးသီးဖို့ လိုတယ်
မိဘမဲ့ဂေဟာမှာ အရိုင်းအစိုင်းကောင်လို့ သတ်မှတ်ခံရတဲ့ လူတစ်ယောက်ဟာ
အခုလို အလန်းစားမော်ဒယ်လ်တွေ ခံတွင်းတွေ့လိမ့်မယ်လို့ ဘယ်သူထင်မြင်ချက်ပေးနိုင်မလဲ
ဘာလော့တယ်လီ... ဦးနှောက်မှ ပါရဲ့လားလို့ အမေးခံရရင်
ဘောလုံးဆိုတာ ဦးနှောက်နဲ့ ကန်တာ မဟုတ်ဘူး ခြေထောက်နဲ့ ကန်တာလို့ ဆင်ခြေဆင်လက်တွေ ပေးဦးမလား
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
သေရင်ပြီးပြီဆိုတဲ့ အထာနဲ့ ဘ၀မှာ နေပျော်ပျော် သေပျော်ပျော်
နောက်ဆံတင်းစရာ မရှိတိုင်း လွှတ်ကဲနေလို့ဖြစ်မလားကွာ
ရစရာ အမွေမရှိ ပေးစရာ အမွေလည်း မရှိ
တစ်ဘ၀လုံး ညီမျှခြင်းချကြည့်ရင်လည်း သုည
ပေးဆပ်စရာ မေတ်္တာတရားရှာကြည့်ရင်လည်း အနတ်္တ
ဘာလော့တယ်လီ
မင်းကို လေးစားလို့ ဓာတ်ပုံတွဲရိုက်တဲ့ ဆယ်ကျော်သက်တွေကိုလည်း မင်းက မီးသတ်ပိုက်နဲ့ ထိုးလို ထိုး
မင်းကစားကွက်အတိုင်း လေ့ကျင့်တဲ့ ကလေးတွေကိုလည်း မင်းက မြားနဲ့ ပစ်လိုပစ်
ဒါတောင် ငါ့ကို ကြည့်ညိုလေးစားတဲ့သူတွေ ကမ်္ဘာမှာ မကုန်နိုင် မခန်းနိုင်တဲ့
ဟုတ်လှချေလား ဘာလော့တယ်လီ
ရှိတဲ့ ဆံပင် သုံး လေးမွေး တစ်ပွဲကို ပုံစံတစ်မျိုးပြောင်းသလို မင်းအတွေးအခေါ် သုံး လေးခုကို ပြောင်းကြည့်ပါလား
နှစ်ရက်မှ တစ်ခါ ရေချိုးသလို မင်းအယူအဆတွေကို နှစ်ရက်တစ်ခါ သန့်စင်ကြည့်ပါလား
ဘောလုံးပွဲရသ အလှဆင်ဖို့ဆိုတာ
ဒိုလေးတစ်ဦးတည်း ပြီးတဲ့ ကိစ်္စမဟုတ်ဘူး
မက်ဆီတစ်ဦးတည်းရှိမှ မဟုတ်ဘူး
ကုန်ကုန်ပြောမယ်... ရွန်းနီ တယ်ရီ လမ်းပတ် ရော်ဘင် ရှနိုက်ဒါ... အများကြီး မလိုအပ်ဘူး
ပရီးမီးယားလည်း သီးသန့်လိဂ်လို့မရဘူး
စီးရီးလည်း သီးသန့်အေလို့ မရဘူး
လာလီလည်း သီးသန့်ဂါလို့ မရဘူး
ခန်္ဓာကိုယ်တစ်ခုကျန်းမာဖို့ ခေါင်း ခါး ခြေ လက် လိုသလို
ဘောလုံးတစ်သင်းကျန်းမာဖို့ ၄-၄-၂၊ ၄-၂-၃-၁ တွေ လိုတယ်ဆိုတာ မင်းသိမှာပါ
ဘာလော့တယ်လီ
မင်းခြေထောက်တွေ သန်မာနေသေးတာ
မင်းပခုံးတွေမှာ မာယာတွေ ကြွယ်ဝနေသေးတာ
မင်းရဲ့ နောက်ပြန်ကန်ချက်ကို စောင့်ကြည့်ဖို့ ပရိသတ်တွေရှိနေသေးတာ မင်းသိမှာပါ
အမြဲတမ်းယဉ်ကျေးဖို့ မလိုဘူး
အမြဲတမ်းရိုင်းနေလို့လည်း မဖြစ်ဘူး
အရိုင်းအစိုင်းက မွေးလို့ ဆက်ရိုင်းတယ်ဆိုရင် ကမ်္ဘာကြီး အရိုင်းသံသရာထဲ ကျဆုံးကုန်မှာပေါ့
ဘာလော့တယ်လီ
ကိုယ့်လူ အရိုင်းအစိုင်းကောင်ကြီး
ကွင်းတွင်း ကွင်းပြင် အနီ အ၀ါလွတ်တဲ့
မင်းရဲ့ ပွဲလေးတစ်ပွဲလောက်တော့ ကြည့်ချင်တယ်ကွာ
လူဇော်သစ်
ချိန်းတဲ့ ညတွေ
အရှေ့လေက အနောက်လေကို ဖိတိုက်နေပြီ
ကရင်မလင်ကြယ်နီ လီနင်ဝါဒမီးငြိမ်း နှင်းခဲပျော်ချိန်ဆိုလား
ကြောင်ဆိုတာ ဖြူဖြူမည်းမည်း ကြွက်ခုတ်နိုင်ဖို့ အရေးကြီးတယ်
ဘာလင်တံတိုင်းနဲ့ balance of power
“ဟေ့ကောင် ကတုတ်ကျင်းထဲ ဘယ်နှခါရောက်ဖူးလို့လဲကွ”
ပြီးတော့ e = mc2
ဂစ်တာကြီးနဲ့ အခြားသော အရပ်က ဂြိုဟ်သားတွေ
အိုင်ဒီယိုလိုဂျီတိုက်ပွဲပြီးသွားပြီ
သမိုင်းရဲ့ နိဂုံးမှာ ကဗျာက သေပြီဆရာ
အခြေအနေသစ်နဲ့ လိုက်လျောညီထွေကျင့်သုံးနိုင်ခြင်းမှာ
ပေါက်သူအကုန်ယူတဲ့ မျိုးဆက်က ၀ိုင်မျိုးဆက်
ကြက်ဥပေါ် လမ်းလျှောက်ရသလိုမျိုး ဂလိုဘယ်
ဦးနှောက်ကို မုန်တိုင်းဆင်ကြ စပိက သိပ်မြန်
ယဉ်ကျေးမှုများတွန်းတိုက်လို့ နွေဦးက အာရပ်နွေဦး
စာရွက်ပေါ်က စာလုံးတွေ နားမလည်ရင် မဖတ်နဲ့တဲ့
အထဲကို တိုးကြပါ ဒီအပေါက်လေးတစ်ပေါက်နဲ့ လုပ်စားနေရတာ
မနေ့က စပ်ပေးတဲ့ ဆေးက မသက်သာဘူး
ရာသီဥတုက အားကစားသမားတွေတောင် စိတ်လေလို့
ဝါးတီးက အရေးကြီး အာစရိရေ အာရကေ
အဲဒီမှာ ခွေက ထစ်နေပြီ No disc
ကျွန်တော်က လစ်တယ် အဲဒါကြောင့် ကျွန်တော်ပျောက်ဆုံးသွားပြီ
ကြည်မျိုးအောင်
မြန်မာကဗျာ
မည်းမည်းမှောင်တဲ့ မိုးက ဖွဲဖွဲလေးတောင် မရွာဘဲ ပြေးသွားတယ်
ခရိုနီတွေ ဘီလျံနာအသစ်အဖြစ် ကမ်္ဘာမြေထက် အမြစ်တွယ်ချိန်
အိမ်ရာမဲ့တွေ ပိုများလာ အနာဂတ်မဲ့တွေ ပိုပေါလာသတဲ့ ကဲလေ
ရွှေမိုး ငွေမိုး ပေါက်္ခရ၀ဿမိုးဆိုတာက ဂျစ်ပစီတွေအတွက်မှ မဟုတ်တာ
လည်ပင်းညှစ်ခံထားရတဲ့ မြစ်တွေလည်း သေငယ်ဇောနဲ့ မျောနေပြီ
သစ်တောစိမ်းစိမ်းတွေ ပျောက်လို့ ခြောက်ကပ်သွားချိန်မှာ ရာသီဥတုပူပြင်းလာတာ ဘယ်သူငြင်းနိုင်ပါသလဲ
မှောက်လျက်လဲ ကောက်ချက်လွဲ မားကက်များကြောင့် အမှောင်ထုက အသက်ရှည်ကြီးစိုး ပိုမိုပြီး ဆိုးလာပေါ့
ညကတော့ အလင်းနည်းနည်း အမှောင်များများ စမ်းတ၀ါးဝါးဖြစ်နေဆဲ
ဖျတ်ခနဲလာ ဖျတ်ခနဲသေ လာခြင်း သေခြင်း သံသရာထဲမှာ ၀ဲသြဃလှည့်လို့ ကောင်းတုန်းပ
ဗဟိဒ်္ဓညထက် အဇ္ဈတ်္တညတွေက ပိုမှောင်လာ ငါအလင်းရောင်လိုချင်တယ်
ငါ ငါ ငါ ငါ ပေါင်းများစွာ အလင်းရောင်သာ လိုချင်တယ်
ဆိုရရင် သူများတွေ အဆင်ပြေဖို့ ကျွန်တော်တို့သွေးတွေ ထုတ်ပေးနေရအောင်
ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေတာမှ မဟုတ်တာ
ကြည့်စမ်း လမ်းစဉ်မှားကြောင့် လမ်းမှားရောက် လမ်းစပျောက်နေသူတွေ ကမ်္ဘာမြေနေရာအနှံ့အပြားမှာ
နိုင်ငံမဲ့သားများအဖြစ် နွံနစ်နေကြ ရိုင်းရိုင်းပြောရရင် ကျွန်ဖြစ်နေကြတယ်
ဆိုဗီယက်ပြန်နွဲ့နွဲ့စန်း ယိုးဒယားပြန်အမာစိန် တစ်ချိန်က သတင်းကြီးတဲ့ မင်းသမီးကြီးတွေ ရှိခဲ့ပေါ့
ရှားရှားပါးပါးဖျော်ဖြေရတဲ့ နိုင်ငံခြားမို့ ၀င့်ကြွားစွာဝိသေသတင်ထားကြတာလေ ခုများတော့ နိုင်ငံခြားဆိုတာ ပျင်းသနားတယ်
စင်ကာပူ ယိုးဒယား မလေးရှား ဂျပန် ထိုင်ဝမ် ဟောင်ကောင် တောင်ကိုရီးယား အော်ဇီ
ဆော်ဒီ ဒူဘိုင်း မွမ်ဘိုင်း ပီကင်း အိမ်နီးချင်းအဝေး တောင်ပြေးမြောက်ပြေး အရှေ့ပြေး အနောက်ပြေး
ဇော်ချွေးတွေ ဖြာကျ တောခွေးတွေ နေရာမရသလို ဝေဒနာဗရပွနဲ့ ငွေအသပြာရှာနေကြရပေါ့
မနိုင်ရင်ကာလုပ်ရ မ၀ရေစာလုပ်ခ အကာအကွယ်မဲ့ဘ၀ ပြည်တော်ပြန်မရသူတွေ
အောက်တန်းအကျဆုံး အလုပ်တွေလုပ် ဒူးနဲ့မျက်ရည်သုတ် တဖြုတ်ဖြုတ်ကြွေကျ မြေခကြေမွနေသူတွေ
နေရစားရ အကြမ်းတမ်းဆုံးဘ၀မှာ အနှိမ်ခံအဆဲခံ အထုအထောင်း အနှိပ်စက်ခံ
သူများလုပ်သလို ခံနေရတဲ့ အလုပ်သမား အလုပ်သမတွေ ဘာတဲ့ သူတို့ကိုယ်သူတို့ “ရွှေ“ဆိုလား ပြောသံတော့ ကြားတုန်း
တကယ်တော့ သူတို့ဟာ ရေခြားမြေခြား တိုင်းတစ်ပါးမှာ မဖြစ်လို့သာ နေနေရပေမယ့်
ကိုယ့်အိမ်ရာကိုယ် လွမ်းတဲ့စိတ် မွတ်သိပ်စွာ ရှိနေ ငါတို့ဟာ ရွှေဆိုတဲ့ အသိ နှလုံးသားအတွင်းရှိနေ
တကယ်တော့ သူတို့ဟာ အလေအလွင့်ဘ၀ရောက်ရရှာတဲ့ ရွှေမှုန်ရွှေစတွေပါပဲလေ
ရွှေတံခါးကြီးဖွင့်လိုက်ပြီ ပွင့်လင်းမှုက မရှိသေး
ရှေးရိုးစွဲနောက်ပြန်သွား ဗမ်ပိုင်းယား ဒရက်ကူလာ အကျင့်ပျက်ခြစား အမှောင်ကြိုက်သင်းခွဲသမားတွေ
ဘနဖူးသိုက်တူး မိုက်ရူးရဲ မွဲဆေးဖော် ဘယ်သူသေသေ ငတေမာပြီးရော ကျောပေါ်က မဆင်းချင်သူတွေ
ငွေများတရားနိုင် မခိုင်သေးတဲ့ ဒေါက်တိုင် အထက်ဖားအောက်ဖိ ကြိုးနီအသိတွေ
ဒါတွေ ဒါတွေ ဒါတွေ ပအောင် ခ၀ါတွေ ချရဦးမယ်
ရောဂါဘယနဲ့ ရာဇ၀တ်မှုတွေက ငတ်မွတ်မှုကို ဖွဲ့ဆိုနေလေရဲ့
အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ရမ်းကားမှုတွေကလည်း ဂန်းစတားမာဖီးယား ရာကူဇာများပမာ ကြောက်စရာအသွင်တွေ ဆောင်လို့
ဥပဒေဘောင်ပြင်ပမှာ ရှိန်းဆာယာပိုမောက် ကိုယ်ယောင်ဖျောက်နေသူတွေကလည်း မနည်း
ကဲ ပါးပါးလေးကျန်တဲ့ အမှန်တရားရေ ခင်ဗျားကို ဘယ်သူကိုယ်စားပြုမလဲ
ပြောတိုင်းဟုတ် လုပ်တိုင်းဖြစ် ခေတ်ပျက်သူဌေးတစ်စုရဲ့ ကြိုးကိုင်ခြယ်လှယ်မှုအောက်မှာ
ရုပ်ဝတ်္ထုပစ်္စည်းတွေဟာလည်း မတန်မရာ ဈေးနှုန်းကြီးမြင့် ကမ်္ဘာကိုတောင် အံ့အားသင့်စေတယ်
ကြိုးတန်းထက်က မင်းသမီးလေး ဘယ်တော့ကျ မျှော်နေရတဲ့ မြည်းပမာ ငါးထောင်တန်ဖုန်းဆိုတာကလည်း
၉၄% ရာခိုင်နှုန်းရဲ့ အိပ်မက်ကို ရေပွက်ပမာဖြစ်စေတယ်
လောလောဆယ်တော့ လူကြားထဲမှာ ပါးတစ်ချက်ရိုက် ဒဏ်ငွေတစ်ထောင်ဆိုတဲ့ စကား ရေပန်းစားတယ်
ဒဏ်ငွေ ငါးရာ တစ်ထောင်ဆောင်ပြီး အမှုများစွာ အောင်ခဲ့တဲ့ ပြဿနာကောင်မင်းသား လူပြောများတယ်
လူမျိုးရေးအကြောင်းပြု ဆူပူမှုဖန်တီး မိုက်လုံးကြီးအဖျက်သမား စစ်သွေးကြွများအပေါ် အော့နှလုံးနာတယ်
တစ်ပြည်ထောင်လုံးငြိမ်းချမ်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ အမြန်ပေါ်စေဖို့အကြောင်း ဆုတောင်းကြတယ်
ဟောဟိုမှာ စက်ရုံသမလေးတွေ အမောမဖြေနိုင်ကြသေးဘူး ဘတ်စ်ကားက မလာသေး ခရီးဝေးသွားမယ့်သူလည်း ပါရဲ့
လမ်းပေါ်မှာ ပိတ်ဆို့ပြိုင်ဆိုင်နေတဲ့ ကိုယ်ပိုင်ဇိမ်ခံကားတွေဆိုတာက သူတို့နဲ့ ဘာမှမပတ်သက်တာလေ
ဟောဟိုမှာ ညဥ့်ငှက်တွေပါလား
လေမှာ မပျံသန်း မြေမှာ လမ်းသလားပြီး သားကောင်ရှာနေကြလေရဲ့
ကေတီဗီ မာဆတ် ကြာဇရပ် အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ လမ်းပေါ်ကျလာတဲ့ သူတို့ဘ၀ မလတ်ဆတ်တော့တာ အမှန်ပဲတဲ့
ဒီလိုနဲ့ ညက နက်သထက် နက်လာ ဘ၀က ခက်သထက် ခက်လာ
ဒီလိုနဲ့ပဲ ရာစုနှစ်ထက်ဝက်ပျက်စီးခြင်းများထဲမှာ သားကောင်ဖြစ်တဲ့ လူတွေဟာလည်း တရုတ်စက်လို အပျက်မြန်လာတယ်
ဥက်္ကာမင်းဆက်
မိုက်တော့ မိုက်လာပြီ
(အဲဒီလိုထင်ရတာပဲ အဲဒီလိုမျှော်လင့်ရတာပဲ)
မဆိုးဘူး တဖြည်းဖြည်းနဲ့ မိုက်တော့ မိုက်လာပြီ မိုက်လာပြီလို့ထင်ရတာပဲ ဟုတ်တယ်
မိုက်လာပြီလို့ မျှော်လင့်ရတာပဲ မျှော်လင့်ကြတာပဲ မျှော်လင့်နေကြတာပဲ အခုပြောတဲ့
မိုက်လာပြီဆိုတာ တိုက်ရိုက်အဓိပ်္ပာယ်ဖွင့်ဆိုရမယ့် မိုက်တာကို ပြောတာမဟုတ်ဘူး အခု
ခေတ်စားနေတဲ့ “မိုက်ကယ်”ဆိုတဲ့ အဓိပ်္ပာယ် ဆတ်ဒန်ဟူစိန်တို့ အိုစမာဘင်လာဒင်တို့ ပြီးတော့
ကဒါဖီတို့ ကင်ဂျုံအီတို့ ရှေ့ဆင့်နောက်ဆင့် ပြီးတော့... အင်း... ပြီးတော့... ဒီနေရာမှာ
ချရေးမယ့် စာလုံးပေါင်းက စီဒီခွေထစ်သလို ထစ်နေတယ် အဲဒါ မမိုက်သေးဘူး တိုက်ရိုက်ကြီး
ချရေးလိုက်ရင်လည်း ငါဟာ လူမိုက်ကြီးဖြစ်သွားလိမ့်မယ် ဒါပေမဲ့ ဟိုတုန်းကလောက်တော့
မဆိုးတော့ဘူး မဆိုးတော့ဘူးလို့ ထင်ရတာပဲ အားလုံး အခြေအနေစောင့်ကြည့်နေတယ်
စောင့်ကြည့်နေကြတယ် မျှော်လင့်ထားတဲ့အတိုင်း ချိန်းထားတဲ့အတိုင်း ရွာချလာရင်တော့ ထွန်ရ
ထယ်ရ စိုက်ရ ပျိုးရတာ အဆင်ပြေတာပေါ့ ထွန်ရ ထယ်ရ စိုက်ရ ပျိုးရတာ အဆင်ပြေမှလည်း
ဆန်ရေစပါးပေါများပြီး စားဝတ်နေရေးချောင်လည်မှာ ကဗျာရေးရတာ ချောင်လည်မှာ တဂျိန်းဂျိန်း
ချိန်းပြီး တစ်မိုးတွင်းလုံးမရွာရင်တော့ သေပြီ ဖွဟဲ့ ဖွဟဲ့ လွှဲပါစေ ဖယ်ပါစေ ချိန်းတဲ့အတိုင်း ရွာပါစေ
ဟောဒီ ၂၁ ရာစုဟာ အပြောင်းအလဲတွေနဲ့ တဖြည်းဖြည်း လှလာတယ် လင်းလာတယ်
မိုက်လာတယ် မိုက်လာတယ်ဆိုတာ ခေတ်ပေါ်စကား သေနတ်တွေ မရှိရင် ကောင်းမယ်
အဏုမြူဗုံးတွေ မရှိရင် ကောင်းမယ် လူဆိုးတွေ မရှိရင် ကောင်းမယ် တိုက်ပွဲတွေ မရှိရင် ကောင်းမယ်
အတ်္တတွေ မကြီးကြရင် ကောင်းမယ် လူဖြစ်ရတဲ့ အခိုက်အတန့်လေး တဒိုင်းဒိုင်း တဒက်ဒက်နဲ့
ပြေးဟယ် လွှားဟယ်ဆိုရင် မမိုက်ဘူး မျှော်လင့်တယ် မျှော်လင့်ကြတယ် မျှော်လင့်နေကြတယ်
အရင်ကလောက် မဆိုးတော့ဘူးလို့ အားလုံး တညီတညွတ်တည်း မျှော်လင့်စောင့်စားနေကြတယ်
မိုက်တော့ မိုက်လာပြီ ၂၀၁၂ ဧပြီကတည်းက ဒီဘက်ပိုင်း တော်တော်လေးမိုက်လာပြီ/ မိုက်လာပြီလို့
ထင်ရတာပဲ “အစ်ကိုကြီးတို့ အစ်မကြီးတို့”ဆိုတဲ့ အသံတွေ တဖြည်းဖြည်း နည်းပါစေ
“က ကလေးငယ် ချစ်စဖွယ်”ဆိုတဲ့ အသံတွေ တဖြည်းဖြည်း များပါစေ “မိုက်တယ်”ဆိုတဲ့ ခေတ်ပေါ်
တဘောင်စကား တိုက်ရိုက်အဓိပ်္ပာယ်မှ ဝေးပါစေ ဟိုးရှေးယခင် ဂျင်ဂျစ်ခန်က အစ အခုနောက်ဆုံးပေါ်
ကဒါဖီတို့အဆုံး ကျန်ခဲ့ပြီ/ ကျော်ခဲ့ပြီ သူုတို့သမိုင်းနဲ့ သူတို့ကြွေခဲ့ပြီ ကမ်္ဘာကြီးက သူတို့ကို
ရွံရွံရှာရှာနဲ့ ခါချထားခဲ့ပြီ မိုက်တော့ မိုက်လာပြီ = ကောင်းတော့ ကောင်းလာပြီ အဲဒီလိုထင်ရတာပဲ
အဲဒီလိုမျှော်လင့်ရတာပဲ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ကဲ... အဲဒီလိုဆို
မိုက်ဘူးလား အားလုံး တညီတညွတ်တည်း အဲဒီလိုပဲ မျှော်လင့်တယ်
ထွန်းလင်းသစ်(ကန့်ဘလူ)
ယဉ်ကျေးမှုကော်ရစ်တာ
ပထမဆုံးအခေါက်မှာ ရအောင် မယူနိုင်ရင် နောက်ဘယ်တော့မှ မရဘူး
စိတ်တစ်လှမ်းချင်းစီတိုင်းမှာ တောက်လောင်မှုတွေနဲ့
လူယောင်ဆောင်ပြီးနေကြတဲ့ မှတ်ပုံတင်အစုတ်တွေပဲ တွေ့တယ်
ဖြတ်ဖို့ တောက်ဖို့လောက်ပဲ ကိုယ့်စိတ်ထဲမှာ ရှိနေတယ်
သီအိုရီတွေကလည်း မဖတ်တာဘဲကောင်းတယ်
Oh Oh Culture Shock! Culture Shock!
ကိုယ်နဲ့ ဘယ်လိုလုပ်ဝင်တိုက်မိတာလဲ
အိတ်ကပ်ထဲက ဆောင်းဦးတုလေးကျပျောက်သွား
မရင့်ကျက်သေးတဲ့ အရိပ်ဟာ နံရံထဲကို ကျွံဝင်သွား
ဘာကိုမှ မရေးသားခြင်းဖြင့်လည်း ကွာလတီကို ထိန်းသိမ်းထားနေရပါတယ်
ယဉ်ကျေးမှုတက်္ကသိုလ်-စံပြဈေး-သမိုင်းလမ်းဆုံ-လှည်းတန်း
အဝေးကြီးလှည့်ပြန်လာရင်း
အဲဒီထက် အဝေးကြီးအကြောင်းကို ကိုယ်စဉ်းစားတယ်
နီးစပ်မှုဆိုတာနဲ့ ကိုယ်နဲ့ ၂ ဘ၀စာလောက်ကွာတယ်
မိုးရေချိန်အသင့်အတင့် ညနေစာမစားရသေး Facebook ပေါ်မှ လွင့်စဉ်ကျလာသော Virtual Reality များ
ဓနအင်အားနည်းနေလို့ ထပြန်လာခဲ့ရတယ်
သေသေချာချာမှာခဲ့တယ်
အဖြစ်အပျက်တွေနောက် လူတွေနောက် ကိုယ့်နောက်မလိုက်ဖို့
အသိဉဏ်ကို သုံးစွဲဖို့
ရိုးရိုးသားသားလှည့်ပြန်ဖို့
ကားဘီးက လမ်းပေါ်ကျွီခနဲ
“တော်သေးတာပေါ့”လို့ စနစ်တကျကြီးတွေးမိတယ်
တဒင်္ဂအတွေးလွန်နေတော့ စိတ်က အဲဒီအင်္ဂါနေ့ထဲကနေ လှည့်ပြန်မလာဘူး
ဘုရားဟောတွေ ဖတ်ဖူးလည်း အန်္ဓဟာ အန်္ဓပဲ
မှောင်တယ်ဆိုတာကို သိဖို့ အလင်းရောင် နည်းနည်းလိုမလား
ဒီမေးခွန်းရဲ့ အဆုံးမှာ (ကျွန်တော့်ကို) “ပန်း”ပေးပါ
“နောင်တ”ကို (ခင်ဗျား) ယူသွားပါ
မမြင်ချင် မတွေ့ချင်တော့တဲ့အရာတွေထက်
မျက်လုံးမှိတ် လက်ဖျောက်တစ်ချက်တီး OK ကိုယ့်ကိုယ်ကိုယ် အမှောင်ထဲ ပစ်ထည့်လိုက်
ပြီးမှ ကိုယ်ခလုတ်တိုက်မိခဲ့တဲ့ ကြယ်လေးတွေလည်း နေကောင်းကြပါစေလို့ပဲ
စစ်နိုင်
ပျော်ပါ့
နောက်ထပ်မညာတော့ဘူး CD ကိုဖွင့် လက်ဗွေရာတွေ အသားတံဆိပ်တွေ ပွင့်ထွက်လာတယ်
အသံတွေချည်း သက်သက်မကောင်းဘူး ခေါင်းဆောင်တွေ အိုနေတာ မကောင်းဘူး စာတန်းတွေ အလင်းအမျှင်တန်းတွေ
ဘယ်လိုလဲ A ပြီးရင်BB ပြီးရင် ဆီ ဆန် ဆား ငရုတ် ကြက်သွန်နဲ့ စိုက်ပျိုးထားတဲ့ ကမ်္ဘာကရော
အိုစာတာပဲမဟုတ်လားလို့ ဟုတ်ပြီးရင် ဟုတ်နေတဲ့ စနေတွေ တနင်္ဂနွေတွေ ပုံမှန်ဟောင်းနွမ်းနေတာ
သိပ်မိုက်ရဲ့ မဟုတ်လားလို့ တစ်ယောက်က နေရောင်ခြည်ပုံမှန်ဝင်ရောက်ခြင်းမရှိစေရန် ဒူးနဲ့တိုက်ချလိုက်တယ်
“မသန်စွမ်းသူတစ်ယောက် ရေဆင်းကူးရာ နစ်မြုပ်သေဆုံး” အလောင်းကို ဆယ်တော့ နိုင်ငံတစ်နိုင်ငံကို ရှာဖွေတွေ့ရှိ
သူ့ခြေထောက်ကြီးတစ်ချောင်း ပွရောင်း ဖောင်းကားနေတာ မြင်လို့တောင် မကောင်းဘူးဆိုတာ သားသိပါတယ်ခင်ဗျာနဲ့
ဆက်တယ်
လွတ်လပ်လပ်သော နိုင်ငံသားစိတ်ဖြင့် ဗုံးခွဲသူတစ်ဦးအား လက်ပူးလက်ကြပ် ဖမ်းဆီးတုပ်နှောင်လိုက်တာနဲ့ ဆက်တယ်
တစ်ယောက်က စလိုက်တဲ့ တစ်ရာနဲ့ ကွမ်းတစ်ရာဖိုး ၀ယ်စား သူလည်းလေ လောကီသားပေမို့နဲ့ ဆက်တယ် ဟုတ်ပါရဲ့ဗျာ
လွတ်လပ်စွာ လွမ်းဆွေးခွင့် ဖယောင်းတိုင်မီးလေးထွန်းလို့ ကွမ်းသွေးနဲ့ ထွေးလိုက်ရင် နီရဲလင်းထိန်သွားမယ်
အဟုတ်မဟုတ်လားနဲ့ ဆက်တော့
သန်းခြောက်ဆယ်အတွက် ရှန်ပူအကောင်းစားနဲ့ လျှော်ထားတဲ့ ခေါင်းကြီးတစ်ခုလုံး နက်မှောင်သန်စွမ်းနေလိုက်တာ
ပျော်စရာ...........
ပျော်ပါ့ဗျာ .....................
သက်ငြိမ်သစ်
(ပျင်းလို့ပါခင်ဗျာ)
သို့/ မစ်္စတာ ကဗျာဆရာနှင့် မစ်္စက်ကဗျာဆရာမ
မထင်မှတ်တဲ့ ထောင့်က အစင်းရာ အခြစ်ရာ ဖြန့်ထွက်ခြင်း အရှိုးရာတွေလား
ဖွဲ့စပ် ထုပ်ပိုး ပြုလုပ်မှု မူလပုံစံ အနေအထားမပျက် တည်ဆောက်ထားတဲ့ ISM လား
ကဗျာတစ်သျှူး အသားအစအနတွေ စံချိန်ပြည့် အရည်အသွေးမြင့်ဖို့ ထင်ပါတယ် အဲဒီလိုကြီးလား
တစ်နေ့ တစ်ပုဒ်လောက်မှ မရေးမသားရရင် အရေပြားတွေ ယားယံလာတတ်လား
စားမ၀င် အိပ်မပျော် ခေတ်ပြိုင်အာရုံခံစားမှု အသက်ရှူသံ တိမ်းမှောက်နေလား
ချည်မျှင်ဆန်ဆန် ဗဟိုချက်မဲ့အောင် စိတ်မယ် မွှာမယ် ဖြတ်တောက် SPACE ခြားမယ်ပေါ့ ဟုတ်လား
ပင်မရေစီးထဲ ပက်လက်မှောက်ခုံ ဘယ်လိုမျောနေ မောနေ မေ့နေခဲ့သလဲ
အချိုးအကွေ့မတူညီတဲ့ စာသားအဆောက်အအုံဆီ ပြေးမလား လွှားမလား
ပလတ်စတစ်ကောက်သလို စကားလုံးအမှိုက်ပုံထဲ ရှာချင် ဖွေချင်သေးလား
ကိုယ်တိုင်တွေ့ရှိချက် ရေးသားပြီး ပြုလုပ်တပ်ဆင်ခြင်းမျိုးလား
COLLAGE ဟာ ရိုးအီနေပြီလို့ စိတ်ရဲ့ အတွင်းသားစိတ်ကို တိုးတိုးလေးပြောပြနေလား
အသစ်ဆိုတဲ့ တံဆိပ်တွေ အထပ်လိုက်ကပ် ရှေ့ကို ဆက် ဆက်စီးသွားမလား
ရေသေအိုင် အစပ်ဆီ အရှက်မရှိ ဂငယ်ကွေ့ပြန် ပြန်ဝင်လာဦးမလား
ဒေါင်လိုက် စီမလား အလျားလိုက် စီမလား ဘယ်လိုလဲ ခင်ဗျားရဲ့ သဘောသက်သက်ပဲလား
ကဗျာနာရေးအတွက် အသက်အစားထိုး ခွဲစိတ်ကုသဖို့ စိတ်ဝင်စားလား
ခင်ဗျားအသက်တစ်ခြမ်းကို ရက်ရက်ရောရော ပေးဆပ်ထားခြင်းလား
ဘာဗေဒ ဘယ်သီအိုရီ ဟိုသင်းတက်္ကနစ် အဲဒီဝါဒတွေ ဖတ်ဖြစ်လား
နိုင်ငံနဲ့ ပြုပြင်ပြောင်းလဲရေး ရေးဖြစ်လား ဆုပ်ကိုင်ထားလား
ရင်ထဲ ၀မ်းထဲအထိ ရောက်လား နာကျင်ခံစားနေလား ဆိုးဝါးဆဲလား
လင်းပွင့် မှောင်မည်းလွန်းတဲ့ သိမှု မသိမှုတွေ ဆွဲခေါ်လာဖြစ်သေးလား
ကဗျာမှာ ကြော်ငြာလိုအပ်ကြောင်း ထင်မြင်ယူဆဖူးသလား
စကားလုံးတွေ စာသားတွေ လော်လည်တာ မောက်မာတာ
ဆတ်ဆော့တာ အငြိမ်မနေဘဲ ကစားနေတာ လေ့ကျင့်ခန်းလား စတန့်ထွင်တာလား
င်္FORMအကြောင်းအရာ အသံ ဟန် ချိန်းဖို့ ကြိုးစားကြည့်သေးလား
တဖျောက်ဖျောက် တဂျောက်ဂျေက် ခုန်ခုန်ထွက်ပြေးတတ်လား
ဲJUMP တွေရဲ့ သဘောကို သွေဖည်သေးလား အဲဒီလိုထည့်ရေးမိတတ်လား
စိတ်ကူး စိတ်ရူးပေါက်သလိုပဲ အရေးအသားသက်သက်လား
ကဗျာအပြင် ထွက်ပြေးဖို့ ကြံစည်ဖူးလား ကဗျာထဲ ဆွေးဆွေးငွေ့ငွေ့လေး ငိုနေလား
ကဗျာထဲ ပြေးပြေးဝင်လာတတ်တဲ့ အိပ်မက်မျိုးလား စားဝတ်နေရေး ကျန်းမာရေးလား
ပျော်လား ဖျော်ဖြေရေးလား ဟာသလား အသုံးချခံ ပစ်္စည်းမျိုးကြီးလား
ကဗျာက ညီအစ်ကိုမောင်နှမလို သန့်စင်ထားခြင်းလား ဆွေမျိုးသားချင်းလို မျဉ်းသားထားလား
မိတ်ဆွေလို လက်ဖက်ရည်ဆိုင်လား ရည်းစားလို ချစ်မေတ်္တာလား လင်မယားလို ဆိုးတူကောင်းဖက်လား
ဒါမှမဟုတ် အညစ်အကြေးမတစ်ယောက်စွပ်ပေးတဲ့ သူစိမ်းသက်သက် ကွန်ဒုံးလား ဘယ်လိုလဲ ဘာသဘောထားမျိုးလဲ
ပေါ်ပင်တွေ ရောယောင်နောက်လိုက်လုပ်ရပ်တွေ ပုံတူကူးချမှုတွေ ရှိခဲ့ဖူးလား
ဝင်လာတဲ့ Dတွေ အုံ့ဆိုင်းရင်း မှိုင်မှိုင်ဝေေ၀ လွင့်နေ ၀ဲနေ ကွဲနေလား
စိတ်အလျဉ်အတိုင်း ပေါ်လာသမျှ အခုကိုယ်ရေးပစ်လိုက်သလို ချရေးသားခြင်းမျိုးပဲလား
ကဗျာလောက ခြစားမှုတွေ ကင်းကင်းရှင်းရှင်းရှိကြောင်း လင်းလင်းပွင့်ပွင့် ကြေ/ညာရဲလား
ပြီးတော့ ဘာတွေဖြစ်လာသေးလဲ
ဘယ်လိုခံစားရသေးလဲ
ပြောပါဦး
ဆူးရင့်
အချစ်
ဒဿနိကပညာရပ် သင်ကြားမှုတစ်ခုမှာ
"all swans we have seen are white, and therefore all swans are white,"
ငါတို့တွေ့ဖူးသမျှ ငန်းအားလုံးဟာ အဖြူရောင်ဖြစ်တယ် ဒါကြောင့် ငန်းအားလုံးဟာ ဖြူတယ်
(a si a white swan, b is a white swan, etc.)
အဲဒီလို အဆိုရှိတယ်
ဒါပေမဲ့ တစ်နေ့မှာတော့ ငန်းအမည်းတစ်ကောင်ကို တွေ့ခဲ့တယ် တစ်ကောင်တည်းမှ တစ်ကောင်တည်း
အဲဒီတစ်ကောင်ကြောင့် “ငန်းအားလုံးဟာ ဖြူတယ်”ဆိုတဲ့ အဆိုပျက်သွားတယ်
အက်တမ်တစ်ခုက အက်တမ်တစ်ခုကို ပန်းပုအသံပြုတယ်
အက်တမ်ထဲမှာ အီလက်ထရွန်နဲ့ ပရိုတွန်တို့ စွဲစွဲမြဲမြဲနမ်းကြလို့
ညဟာ အလန့်တကြားကလုန်းခွဲပြီး အစစ်အမှန်ကို သိုဝှက်လိုက်တယ်
မနက်အဖြစ် အဆင့်ဆင့်ပွင့်လာမယ့် အက်ရှင်ဟာ
အလှဆုံးအတိဿယ၀ုတ်္တိပါပဲ
တစ်ခါတလေမှာ လူတွေဟာ ၀င်သက်ထွက်သက်ကို ခဏချွတ်ပြီး
ဟုမ်းပေ့ခ်ျထဲကရော “ကျွန်တော်”ထဲကပါ စွန့်ထွက်လာတာ
ခပ်ဝေးဝေးမှာ ဂျူပီတာဂြိုဟ်နဲ့ မားစ်ဂြိုဟ်ကြား အနီးဆုံး Distance ကို ရောက်တော့
ရိုမန်းတစ်ဂျစ်ဆောကို နဂါးငွေ့တန်းနဲ့ ပုံဖော်ပြတာ
အတွေးအခေါ်နဲ့ ပုံဖော်ပြတာ တန်ခိုးပေါင်း ၂၆၄၁ ခု ပြတာ
သဘာဝတရားကို ကြောက်စရာ လော့ဂျစ်တစ်ခုလို့ မြင်လာရင်လည်း
နှလုံးသားဒီမိုကရေစီဆန်္ဒပြတောင်းခံသူတွေထဲမှာ ရသဟာ အဘိဓမ်္မာပဲ
ငါဆာလောင်နေတဲ့ မင်းရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်စိုက်ပြီး
ပန်းသီးအဖြစ် ပြန်လည်ခူးဆွတ်ပါ့မယ် Adam's Apple အဖြစ်ကိုပဲ
ကမ်္ဘာမြေကြီးရဲ့ ဆွဲဆောင်မှုကြောင့်လို့ ပန်းသီးရဲ့ ကြွေကျမှုကို မြင်အောင် ရှုလိုက်ပါ
8 စကြ၀ဠာထဲမှာ မြင်နေရတာဟာ လူဟာ သေးလိစ်ရဲ့ စဉ်းစားဉဏ်
ရေရဲ့ ဒွါရကိုးပေါက်နဲ့ ဖွဲ့စည်းထားတဲ့ structure
စကြ၀ဠာထဲမှာ မြင်နေရတာဟာ လူဟာ ဟေရာကလိုက်တပ်စ်ရဲ့ စဉ်းစားဉဏ်
မီးရဲ့ ဒွါရကိုးပေါက်နဲ့ ဖွဲ့စည်းထားတဲ့ structure Ä
လူနဲ့ လူရဲ့ ဖြစ်မှုမှာ modern စဉ်းစားဉဏ်
သီးသန့် exclusive စကြ၀ဠာမှာ မြင်နေရတာဟာ လူဟာ
ဖြစ်မှု Time နဲ့ ပျက်မှု Space ကြားက အနီးဆုံး distance မှာ
သေခြင်းရဲ့ အင်းဆက်တွေ တောင်ပံမခတ်သေးတဲ့ ကိုင်းဆက်
သူမရဲ့ ပီကေ(PK) Chewing Gum လို့ ခေါ်တဲ့ စိတ်နှုတ်ခမ်းက
ပူဖောင်းလေးကို သိစိတ်အလျဉ်နည်းနဲ့ ဖောက်မြင်နိုင်မှု
transparency ကို ၀ှက်လိုက်တာ
(ဖောက်မြင်နိုင်မှုကို ၀ှက်လိုက်တာဟာ blank ကို blank နဲ့ ဖုံးထားသလိုပဲ
စိတ်ကို စိတ်နဲ့ ဖုံးထားသလိုပဲ ဘယ်သူမှ မသိနိုင်ဘူး ပြုသူနဲ့ ဖြစ်သူမှ လွဲ၍)
သဒ်္ဒါမှာ passive voiceက ခံရသူ object နေရာ
ဘ၀မှာ passive voice က အရေးပေးခံရသ subject နေရာ
ဒီတစ်ခါ ၀င်ကစွပ်ဖြစ်လာတဲ့ လက်စွပ်တစ်ကွင်းဟာ
သင့်တော်တဲ့ multiple choice အနက်အဓိပ်္ပာယ် လက်သူကြွယ်လေးပါ
တကယ်တော့ ပိရမစ်ဆိုတာ ဂူသင်္ချိုင်းပါပဲ
ငါ့ကိုယ်ငါမြှုပ်နှံဖို့ တည်ဆောက်ထားခဲ့တာပေါ့
(မူရင်းရေးသူ မင်းခိုက်စိုးစန်၊ သူ၏မှတ်စု၊ စာမျက်နှာ မသိ၊ ပါဒ ၁၄၊ ၁၅ မှ)
ဘ၀မှာ ဘယ်နှခါလောက် လွဲချော်ခွင့်ရမလဲ အက်တမ်ကလေးရဲ့
စိတ်ရဲ့ အပျော့ပျောင်းဆုံးအရိုးဟာ မင်းဖြစ်သွားတယ်
တစ်ခါတလေ ၀မ်းနည်းစရာ ကောင်းတာက
အနုပညာဟာ ဘာကိုမှ လုံလုံလောက်လောက် ကိုယ်စားမပြုပေးနိုင်ဘူး
မင်းဟာ ပန်းချီအနုပညာကို နှစ်သက်သူတစ်ယောက်လား
ပန်းချီကားတစ်ချပ်မှာ ငါ့နာမည်တပ်ပါ
ပုံဆွဲပါ ဘာသာစကားရဲ့ စလိုဂန် ရေးပါ
ပထ၀ီမြေကြီးကို နမ်းပါ အနမ်းထဲမှာ အောက်ဆီဂျင်ထည့်ပါ
အရောင်ရဲ့ အရေပြားတွေကို ဖြန့်ကားပါ
စိတ်ကို ပန်းချီကားထဲ သွင်းပါ
မင်းဘာအဓိပ်္ပာယ်ရမလဲဆိုတာ ငါသိချင်မိတယ်
All swans are white. ငန်းအားလုံးဟာ ဖြူတယ်
ဆိုတဲ့ အဆိုပျက်သွားပြီ
ငါတို့ black swan တစ်ကောင်ကို အတူတူတွေ့ထားကြပြီမဟုတ်လား
August
မောနွေ
ဂိုဒေါင်ကြီးနဲ့ တစ်လုံး ထမ်းရခြင်းတွေ
ကံထမ်းလာတာ မမြင်ရ ဆန်ထမ်းလာတာ မြင်ရ လှောင်ပိတ်မွန်းကျပ်ဂိုဒေါင်ကြီးဟာ ကမ်္ဘာပဲ သမိုင်းပေးတာဝန်တွေ ပခုံးထမ်းသယ်နေရ ဘ၀ပဲ စားနိုင်အောင် ထမ်းတယ် ထမ်းနိုင်အောင် စားတယ် သံသရာပဲ
နေကုန်နေခန်း ရေကုန်ရေခန်း ဆန်အိတ်တွေ ထမ်းရင်း သွားတိုက်ဆေးဘူး မိတ်ကပ်ဘူး ရေမွှေးပုလင်းတွေ ထမ်းရင်း
ပဲပြုတ်ဆီဆမ်း ၀က်သားလုံးကြော် ကိုရီးယားအကင်တွေ ထမ်းရင်း ရှော့ပင်းစင်တာတွေ
ရွှေဆိုင်တွေ အပေါင်လက်မှတ်တွေ ထမ်းရင်း အင်ဂျလီနာဂျိုလီ ၀တ်မှုန်ရွှေရည် အိပ်မပျော်သော ညတွေ ထမ်းရင်း
ရုပ်ရှင်ရုံတွေ ပန်းခြံတွေ တည်းခိုခန်းတွေ ထမ်းရင်း အထူးကုဆေးခန်းတွေ သနေ်္ဓတားဆေးတွေ ကွန်ဒုံးတွေ ထမ်းရင်း
အရက်ဘားတွေ ကံစမ်းမဲတွေ ဘောလုံးပွဲတွေ ထမ်းရင်း လမ်းတွေ တံတားတွေ အခွန်အခတွေ ထမ်းရင်း
ဖယောင်းတိုင်တွေ မီးစက်တွေ ခြင်ဆေးခွေတွေ ထမ်းရင်း
ဘွဲ့လက်မှတ် ရထားလက်မှတ် ထန်းပင်တက်လက်မှတ်တွေ ထမ်းရင်း
ပြစ်မှုကင်းရှင်းကြောင်း အကျင့်စာရိတ်္တကောင်းမွန်ကြောင်း ထောက်ခံစာတွေ လေဘာစာရွက်တွေ ထမ်းရင်း
မင်္ဂလာဆောင်ဖိတ်စာတွေ မွေးနေ့ဖိတ်စာတွေ အလှူခံဖြတ်ပိုင်းတွေ ထမ်းရင်း
ဧည့်စာရင်းကြေး မီးကင်းကြေး ဒွန်းစဏ္ဍားတွေ ထမ်းရင်း
တက်ကျမ်းတွေဆီ ကြော်ငြာတွေ ယတြာတွေ ထမ်းရင်း
ကြွပ်ကြွပ်အိတ်တွေ စက်ရုံမီးခိုးတွေ ငလျင်တွေ ထမ်းရင်း
အချစ်တွေ အမုန်းတွေ စစ်ပွဲတွေ ထမ်းရင်း
စိတ်ကူးတွေ မျှော်လင့်ချက်တွေ မနိုင်ဝန်တွေ ထမ်းရင်း
ကျောက်တုံးရေညှစ်သလို ချွေးစက်များ ဓားသွေးကျောက် ဓားသွေးခံရသလို
ပခုံးများ အမှိုက်မစွန့်ရဆိုင်းဘုတ်လို အဆုတ်များ ဂိုဒေါင်မှာ မုန့်မဝေဘူး တာလီချောင်းတွေ ဝေတယ်
သင်္ဘောထမ်း ဇော်ဂျီထမ်း ယောက်ျားထမ်း မီးလောင်ရာ လေပင့်သလို ပခုံးပေါ်ပင့်တင်ပေးသူတွေ ရှိတယ်
ကျွမ်းရိုက်ဘားရိုက်ပါးစပ်ပေါက်တွေ အတွင်းဘက်လှည့်ရိုက် ဒီအကွက်လေးတောင် တည့်အောင် မရိုက်နိုင်ဘူးလား
ချိတ်ကိုင်ကမာစီဟာ ဘယ်သင်းမှစိတ်တိုင်းမကျ ရှမ်းကွက်ခုနစ်လုံးကွက် အကွက်တွေ ဖော်ရင်း ဆန်ပိုင်ပုံ
ကြီးမြင့်သထက် ကြီးမြင့်လာ ဟေ့ ထမ်းကြ ထမ်းကြ ကိုယ်ထမ်းမှ ကိုယ်ရမှာနော် (ဒုက်္ခတွေလား) ညနေ
ပိုက်ဆံရှင်းမှ ဒါပဲလားမလုပ်နဲ့ ဂိုဏ်းမှူးအော်လည်း အော်ချင်စရာ အပေါ်ရောက်ရင် ပြန်မဆင်းချင်တော့ဘူး
ဝေ့ချင် ၀ိုက်ချင် ချောင်ခိုချင်ပြီ ပါးစပ်ပေါက်တွေက အရက်ဆိုင်ဘက်လှည့်ချင်ကြပြီ
နေသစ်(ပုတီးကုန်း)
No comments:
Post a Comment