တိုးတိုးလေး လက်တို့ပြီး ပြောလိုက်ချင်တယ်
တိုးတိုးဖော်
တိုးတိုးတိတ်တိတ် ငြီးညူမိတဲ့ ဘ၀အမောက
အာခေါင်မှာ ငါးအရိုးစူးသလို ခံရခက်တယ်
မိစ္ဆာတစ်ကောင်ရဲ့
ချွန်မြမြ လက်သည်းတွေက အတွင်းကို ထိုးဖောက်ပြီး
အသည်းတွေ
ကြေမွအောင် ကုတ်ခြစ်တယ်
ဒါဟာ လောကဓံရဲ့ လှပတဲ့ တရားစီရင်မှုပါပဲ
မင်းအကြောင်း မတွေးတော့ဘူးဆိုပေမယ့် အစိုးမရတဲ့စိတ်ကို ထိန်းချုပ်ဖို့ခက်တယ်
တ ခစ် ခစ် လှောင်ရယ်သံတွေက မျက်ဝန်းမှာ ဥနေခဲ့တဲ့ မျက်ရည်တွေကို သားဖောက်ခဲ့တယ်
သွေးပျက်ဖွယ်ကောင်းလောက်အောင်
အော်ဟစ်ခဲ့ရတဲ့ အူသံတွေက မစဲတော့ဘူး
ကန္တာရဆူးနဲ့
ဘ၀အမော ဖောက်ချိန်မှာတော့ နီရဲနေတဲ့ သွေးစသွေးနတွေက
အံ့သြစရာကိုပဲ အေးစက်မာကြောလှပါတယ်
မဟူရာညနက်နက်မှာ
လေပြည်လေးက လူးလူးလွင့်လွင့် တိုက်ခိုက်လို့
အတွေးက
ထုံထိုင်းပြီး အေးစိမ့်စိမ့်နိုင်လွန်းတယ်
မဆုံးနိုင်တဲ့ လောကဓံ
လောင်စာတွေက တရိပ်ရိပ် လောင်မြိုက်လို့
စိတ္တဇညရဲ့
မင်းမှုမှုက အလှတရားတွေကို ရယ်မောပြီး ဖြိုချင်နေခဲ့တယ်
နောက်ဆုံးပစ်မှတ်က လွဲချော်သွားသလား၊ ထိမှန်သွားသလား
ဝေ ခွဲ ရ ခက် ခက်
နူးညံ့လှပတဲ့ တုံ့ပြန်မှုနဲ့
ဘ၀ကိုခါးခါးသီးသီး ငြင်းပယ်ပစ်လိုက်တယ်
“မင်း မ ရှိ တော့ ဘူး”
မောင်မင်းစိုး
No comments:
Post a Comment