အပုတ်နံ့တွေ ဝေစီနေတဲ့လမ်းထဲ
ထပြန်သွားတော့
အိပ်မက်တွေ ကစဥ့်ကလျား အရေပျော်ကုန်တယ်။
ခန္ဓာကိုယ်က
ရေဘယ်လောက်ချိုးချိုး အညှီနံ့မကင်းဘူး
လူဆိုရင် လူစိတ်ရှိရမှာပေါ့
အခုတော့
လက်ဖျံရိုးတွေက ဟစ်တလာထက်မာကြောတယ်
ဘာလင်တံတိုင်း ပြိုကျတဲ့နေ့က
ကွဲကွာသွားတဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့သလိုမျိုး
နေပျော်ပျော် သေပျော်ပျော်ဆိုပေမဲ့
အခွင့်အခါကိုတော့ မျှော်မိတယ်။
သစ္စာဆိုတာ
အသစ်ကိုဆာလောင်နေတဲ့ လူတွေရဲ့
လက်ဝတ်ရတနာပဲ
ဒီကောင်မပါးနပ်ပုံပြောပါတယ်
ရင်ကော့ပေးရတယ်လို့
သေတတ်တယ်ဆိုတာ မတွေးမိဘူးလား။
မောင်မင်းစိုး(ရွှေနံ့သာ)
No comments:
Post a Comment