Friday, July 18, 2008

ဒဏ်ရာနဲ့ထုဆစ်ထားတဲ့ကောင်းကင်

လရောင်အောက်

အုပ်စုဖွဲ့ပျံသန်းသွားတဲ့ ငှက်တွေလို

စိတ်တွေ မလွတ်လပ်ဘူး။

ငှက်ဆိုတော့ အတောင်ပံရှိမှ ပျံသန်းနိုင်တယ်

လူတွေမှ ဒဏ်ရာရှိမှ နေပျော်မယ်ပေါ့

ဥပါဒါန်မရှိရင် ကောင်းတယ်ဆိုပေမဲ့

ဖြစ်သင့်တာကို စွဲလန်းနေတာ

လူ့ဘ၀ရဲ့ဓာတ်စာမဟုတ်လား။

ငါ့စကားနွားရပြောချင်ပြော

ကိုယ့်ငါးချဉ်ကိုယ်ချဉ် ဆိုချင်ဆို

ဒီကောင်ဟာ လူဆိုပေမဲ့

လူလိုမနေခဲ့ရဘူး။

အောင်ခြင်းရှစ်ပါး အသံမကြားရတာကြာပြီ

မေတ္တာဟာ အဆိပ်သင့်

ဗီလိန်။

…………………………….

…………………………….

ကောင်းကင်မှာ အညှော်နံ့ရနေတော့

အသက်ရှူရတာ မ၀ဘူး။

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: