Sunday, August 12, 2012

2012 စက်တင်ဘာလ ရယ်စရာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကဗျာများ



ရေးပြီးမှ ပြန်ဖျက်လိုက်ရတယ် ထွင်းထုလက်စ စာသားအပိုင်းအစတွေ

အထိန်းချုပ်ခံဘ၀ကနေ လွတ်မြောက်လာရသလိုမျိုး လူတစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးလို့
အင်ဖော်မေးရှင်းအစီအစဉ်က လွဲလို့ ကျန်တဲ့ ချန်နယ်လ်လိုင်းတွေ ဖွင့်ထားတယ်
ရန်ကုန်လာဖို့ ခေါင်းစဉ်ရှာမရဖြစ်နေတယ်လို့ နီးစပ်ရာတွေက ညွှန်းနေကြတယ်
ကျန်းမာရေးအရအာဟာရလျှော့ချထားရသော ဒီရုပ်သွင်
မြေမျက်နှာသွင်ပြင် တည်နေရာ အကျယ်အ၀န်း အတိအကျမသိရ
ကျွန်တော် သူမကို မ လွန် ဆန် နိုင် ဘူး
မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်ဟာ ယောက်ျားတစ်ယောက်အပေါ် ချစ်မိနေချိန်ပဲ
ဘယ်သူ့ကိုမှ မပြောဖူးတဲ့ စကားကို ရယ်ကျဲကျဲနဲ့ ကျွန်တော်ပြောခဲ့ဖူးတယ်
ဂျင်းန်ပင်အပြာဖျော့ တီရှပ်အနွမ်းလေးဝတ်ထားလည်း အဆင်ပြေတာပဲလေ
ဂျက်စတင်ဘီဘာကို တစ်ဖက်သတ်ချစ်နေခွင့် မပိတ်ပင်ရဘူးဆိုတဲ့ ကျွန်တော့်ချစ်သူ
အသံတွေက နံရံကို ထိမှန်ပြီး ကန်ထွက်လာတယ် “ရန်ကုန်ပြန်မယ်”တဲ့
ပင်ပန်းမှုဒဏ်ကို ခံနိုင်စေဖို့ နျူထရီဗိုက်တာအားဆေးကြော်ငြာ
ဆောက်လုပ်ရေးလုပ်ငန်းခွင် စားစရာမရှိ လျော်စရာရှိ နေ့စားနေရာတစ်နေရာ
အပေါင်း အနုတ် အမြောက် အစား နောက်ဆုံးရလဒ် သာမန်လူတန်းစား
တိတ်ဆိတ်သော အသံဆွံ့အနေလျက် ဘော်ဒီလန်းဂွေ့ခ်ျနဲ့ပဲ နှုတ်ဆက်လိုက်တယ်
ကျွန်တော်လား “ဂိုဒေါ့”ကို စောင့်နေတာလေ
ကွန်ကရစ်လမ်းပေါ်က လွင့်စဉ်ပဲ့ထွက်လာတဲ့ ကျောက်သားတစ်စ
လာ့ဂေ့ခ်ျအနီရောင်တစ်လုံး မျက်နှာသုတ်ပ၀ါနှစ်ထည် အပြာရောင်အိပ်ရာခင်း
မိုဘိုင်းဖုန်းတစ်လုံး ဖလင်ကော်ပြားတစ်ချပ် စာအုပ်စာတမ်းအနည်းငယ်
စောင့်ကြည့်ရမယ့် ကစားသမားဟာ ကျွန်တော်ကိုယ်တိုင်ပဲ
ဘယ်လောက်နက်ရှိုင်းမယ်လို့ ခန့်မှန်းလို့မရ မှန်းဆမမြင်နိုင်
စိတ်ရော ကိုယ်ပါ တစ်ထပ်တည်းကပ်နေတုန်း ကျွန်တော်ခုန်ချလိုက်မိတယ်
အောင်ပိုင်စိုး

အခု ၂၀၁၂ ခုနှစ် ကျွန်တော်တို့လူဖြစ်နေကြတုန်း

အာကာသအတွင်းမှာတော့
ကြီးမားတဲ့ ကျောက်စိုင်ကျောက်ခဲကြီးတစ်လုံးဟာ
၂၀၄၀ ပြည့်နှစ်မှာ ကမ်္ဘာကြီးကို ၀င်တိုက်နိုင်မယ့် အလားအလာရှိနေပြီ
ကျွန်တော်ပြောတာ မဟုတ်ဘူး
သိပ်္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိပြောကြတာ
၂၀၁၁ အေဂျီ ၅ (2011 AG 5) ... တဲ့
ကျောက်ခဲကြီးအမည်က မိုက်တယ်
အုတ်နံရံကို ခေါင်းနဲ့ ၀င်ဝင်တိုက်တဲ့ ကောင်ထက် ပိုမိုက်တယ်
လက်ရှိအချိန်မှာတော့ဖြင့်
ကမ်္ဘာကြီးကို အများဆုံးခြိမ်းခြောက်နေတဲ့
အဲဒီကျောက်စိုင်ကျောက်ခဲကြီးရဲ့ ရန်က ရှောင်ရှားနိုင်ဖို့
ထပ်မံလေ့လာရှာဖွေသွားမှာပါ
ကျွန်တော်ပြောတာ မဟုတ်ဘူး
ဥရောပအာကာသအေဂျင်စီက ပြောတာ
ဒီကိစ်္စကို ကျွန်တော်ငြိမ်မနေနိုင်ဘူး ကျွန်တော်ရင်ဖွင့်ရတော့မယ်
ကျွန်တော့်အသံကို အာကာသထဲ အကျယ်လောင်ဆုံးလွှတ်တင်လိုက်တယ်
ကိုယ့်လူတို့ ရှောင်နိုင်ရှားနိုင်မယ့် နည်းလမ်းတွေ ရှာဖွေမနေကြပါနဲ့လို့
လာမယ့် ၂၀၄၀ အထိ မစောင့်ဘဲ အနီးဆုံးနှစ်ကိုသာ ရှေ့ကို တိုးလိုက်ပါလို့
အာဂျင်တီးနားနဲ့ ဗြိတိန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့
နောင် စစ်မက်စစ်ပွဲတွေ ဖန်တီးလာနိုင်တဲ့
အာခီပယ်လာဂိုကျွန်းစုတွေရဲ့ ငယ်ထိပ်တည့်တည့်ကို
တန်းတန်းမတ်မတ်ကြီး ၀င်တိုက်လိုက်ပါတော့လို့
ကမ်္ဘာကြီးမှာ ၀င်တိုက်ချင်စရာ ကောင်းတာတွေ အများကြီးပါလို့
ကျွန်တော်က သိပ်္ပံပညာရှင်တစ်ယောက်တော့ မဟုတ်
သွေးရိုးသားရိုးတွေးပြီး ရိုးရိုးသားသားစဉ်းစားကြည့်တာပါလို့
ကျွန်တော်ဟာ မြန်မာ Poet တစ်ယောက်ပါလို့
ဟိုက်..."No or bad signal"
ကျွန်တော့်ကိုယ်ကျွန်တော် စမ်းကြည့်လိုက်တယ်
တော်သေးရဲ့... ကျွန်တော် “လူ”ဖြစ်နေတုန်း
တောင်တွင်းမောင်သင်းကျော်

ငါ့ရင်ထဲ
ခရစ်္စတီးနားရဲ့ မျက်တောင်တွေလို
ဒူးရင်းသီးတွေ အခိုင်လိုက်သီးတဲ့ ည


ငါတို့မှာ ဖွေးဖွေးလှုပ်နေတဲ့ ရာစုနှစ်တွေ ရှိတယ်
ချစ်ရင် ပြန်မရတော့တဲ့ နောင်တတွေ ရှိတယ်
သတိရတိုင်း စီးနေတဲ့ တစေ်္ဆမြစ်တွေ ရှိတယ်
ကောင်းကင်ကို ကြည့်ကြည့်ပြီး လွမ်းနေတတ်တဲ့ ကြယ်အတုတွေ ရှိတယ်
လေချွန်လိုက်တိုင်း တောအုပ်ဖြစ်သွားတဲ့ အမူးသမားတွေ ရှိတယ်
သစ်္စာအဆိုကောင်းတဲ့ မိုးဦးကျမှိုတွေလည်း ရှိတယ်
ငါသိတယ် မနှစ်က စပြီး ငါ့အနားမှာ မင်းမရှိတော့ဘူးဆိုတာ
ယုန်နားရွက်လေးကို ငါ့လည်ပင်းမှာ ချိတ်သွားတယ်ဆိုတာ
သနပ်ခါးနံ့တွေနဲ့ အိပ်မွေ့ချသွားတယ်ဆိုတာ
ငါ့မှာတော့
မင်းဆံပင်တွေကို ဖြီးပေးနေတုန်း
မင်းလက်သည်းတွေကို ဆိုးပေးနေတုန်းပါ
ငါသတိရလိုက်တော့မှ
အိပ်မက်အတုကြီးဆိုတာ သိလိုက်ရ
ငါသိလိုက်ရတဲ့ အချိန်မှာ
ခရစ်္စတီးနားရဲ့ မျက်တောင်တွေလို
ငါ့ရင်ဘတ်ထဲမှာ
ဒူးရင်းသီးတွေ အခိုင်လိုက်ကြွေကျနေရဲ့။
လေပြေသုန်


ကဗျာယောင်ဆောင်လာတဲ့ ကျိန်စာ

ဟိုးအဝေးတောင်တန်းတွေဆီက ချီလာသလို
ဟောဒီရင်ဘတ်အတက်အဆင်းတွေဆီကလည်း ဖြစ်နိုင်တယ်
ဒေါသကို မျိုချထားပြီး လှနေတဲ့ ပင်လယ်လို
မီးတွေ မြုံထားပြီး တည်ငြိမ်လွန်းတဲ့ တောင်ပူစာလို
လုံခြုံနေတဲ့ အတ်္တ
အပြည့်လွန်တဲ့ အိုး လျှံကျရတာ
ဝေငှခြင်းဖြစ်နိုင်လို့လား
ကိုယ်နဲ့ ကိုယ့်စိတ် ဘယ်အရိပ်ကြောင့် အဆိပ်ဖြစ်စေမလဲ
တို့တွေ လူကြီးဖြစ်သွားကြလည်းပဲ
ကလေးတွေလို မုန့်ကြိုးလိမ်ကြိုက်ကြတုန်းပဲ
ငယ်ငယ်ကလို တစ်ယောက်ကို တစ်ယောက်
အော်မဆဲကြတော့ဘူး
လူကြီးဆန်ဆန် အပြန်အလှန်စကားပြောသလိုဆိုထားတဲ့
သီချင်းတွေ ဆိုပြကြတယ်
အကြံအဖန်နဘေ အထန်အမာန်ကာရံတွေနဲ့
စာရိတ်္တဟာ ရေလဲပုဆိုးတစ်ထည်လို
ခြောက်ရင်း စိုရင်း စိုရင်း ခြောက်ရင်း
အအေးပတ်ခဲ့ အပူရှပ်ခဲ့
ကဗျာဟာ သီချင်းဖြစ်တဲ့ ခေတ်မဟုတ်တော့
ကြိတ်စက်ထဲက ထွက်လာတဲ့ ကြံဖတ်ဟာလည်း ကဗျာ
ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့ဟာလည်း ကဗျာ
ခန်္ဓာကိုယ်ပေါ်က တွန်းထုတ်လိုက်တဲ့ ကြေးဟာလည်း ကဗျာ
နှမြောတယ်
တချို့ကျတော့ ကဗျာဟာ
လက်နက် ကျည်ဆန် မြား
တချို့အတွက်ကတော့ ကျိန်စာ
သံသရာရှည်ချင်သူများရဲ့ ဝေဒနာ
ကြံဖတ် ကြေး မီးခိုးငွေ့ အဆိပ်
ငါနှမြောလွန်းစွာနဲ့ပဲ
ဟိုးအဝေးဆီက
ကဗျာတွေ လက်ခံရရှိခဲ့တယ်
မျိုးမောရ



မောင်တာကောရဲ့ကဗျာ workshop မှ ကြိုဆိုပါတယ်

ကဗျာသူကဗျာသားလူကြီးမင်းများအားလုံး မင်္ဂလာပါ မင်္ဂလာပါ
ကျွန်တော့်ရဲ့ ကဗျာဝပ်ရှော့မှ လူကြီးမင်းတို့အတွက်
သူသူငါငါ အားစိုက်ထုတ်မှုထဲမှ အသင့်နှိုက်ယူစားသုံးနိုင်သော
စကားလုံးများ ၀ါကျအပိုင်းအစများ တပ်ဆင်ပေးခြင်း
အာရုံခံစားမှုကဗျာအကြမ်းထည်များကို လူကြီးမင်းစိတ်ကြိုက်
စာလုံးများရွေပေါ်ထိုးပေးခြင်း
ကဗျာအတွင်းသားမမြင်ရအောင် နိမိတ်စိမ်းများနှင့်
စတစ်ကာကပ်ပေးခြင်း
ကာရန် မှန် မမှန် ရစ်သမ် ကျိုး မကျိုး
အဘိဓမ်္မာ ပါ မပါ စစ်ဆေးပေးခြင်းများ
ဂန်္ထ၀င်မှ flarf အထိ လိုချင်သော ပုံစံဖြင့်
ကဗျာများကို မူရင်းအရသာမပျက်စေဘဲ ပြောင်းလဲပေးခြင်း
ကဗျာမရေးခင် လူကြီးမင်းခေါင်းထဲရှိ ဖတ်ဖူး ရေးဖူးသော
ကဗျာအဟောင်းအနွမ်းများကို ရှင်းထုတ်ပေးခြင်း
လူကြီးမင်းစိတ်အလျဉ်အတိုင်း စကားလုံးများလိုက်ဖမ်းပေးခြင်း
comment လက်ခုပ်သံများ ရှာပေးခြင်း
အများအာရုံစိုက်ခံရအောင် ခေါင်းစဉ်တပ်ပေးခြင်း
အမြင်မကြည်လင်သည့် အရာများကို
ထိထိမိမိသရော်လိုခြင်း၊ ထေ့လိုခြင်းများအတွက်
(ဆဲဆိုခြင်းမပါဘဲ) အမိုက်စားလှောင်လုံးများရှာပေးခြင်း
ဘာသာစကားနှင့် မလုံလောက်သောသူများအတွက်
အခြားပစ်္စည်းများ (ဥပမာ ဖဲကြိုး၊ နှင်းဆီပွင့်၊ ဆေးပုံးများ... စသည်)နှင့်
ကဗျာဖော်ဆောင်ပေးခြင်းများကို
စေတနာအရင်းခံနှင့် ဆောင်ရွက်ပေးနေပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်
အထူးသဖြင့် ဒေါင်လိုက်ကဗျာများကို
စာသားအပိုထည့်ပေးခြင်းဖြင့် ခေတ်ပြိုင်ကဗျာအပြားကြီးများအသွင်
အလျင်အမြန်ပြောင်းလဲပေးနေပါကြောင်း
ခံစားမှုကဗျာဆရာများရော
art is idea ဟု လက်ခံထားသော ကဗျာဆရာများပါ
လာရောက်လေ့လာနိုင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်
တာကော


တစ်နေ့တာအင်တာဗျူး

ရှင်တည်ခင်းသမျှ သုံးဆောင်ပါ့မယ်
အဆိုးဆုံးက ဘာဖြစ်နိုင်မှာမို့လို့လဲ
အယုံအကြည်မဲ့မှုထဲမှာ ချစ်ခြင်းမေတ်္တာကို မယုံကြည်ရတာ အဆိုးဆုံး
သတိထားပါဦး
ကျွန်မဘာတွေ ပြောနေမိပါလိမ့်
ပဟေဠိဝှက်တမ်းကစားကြမလား
ဒါမှမဟုတ် အမဲလိုက်ထွက်မလား
အားလုံးမြေပုံတစ်ခုစီ ရမယ်
ရှင့်စကားမို့ အမှန်လို့ မှတ်လိုက်ပါ့မယ်
သိပ်ရုပ်မဆိုးတဲ့ မကောင်းမှုလေးပါ
ရှင်က အကောင်းမြင်တတ်တယ်
ကျွန်မက အကောင်းမမြင်တတ်ဘူး
ဒီသွေးထဲ စီးနေတဲ့ ဒီစိတ်တွေကို ဘယ်လိုဖောက်ထုတ်ရမလဲ
တစ်ပါးသူရဲ့ ဒုက်္ခကို မျှဝေခံစားတဲ့သူက အရူးပဲ
ဆံသဆရာကတော့ ဘယ်ခေါင်းကိုမဆို ညှပ်ပေးမှာပါ
အချိန်တွေ ဒီအတိုင်းကုန်သွားတော့လည်း ဘာအရေးလဲ
ရှင်ပြောသမျှ ရှင့်စကားချည်းပဲ
ကျွန်မဆံပင်ဖြောင့်တာ ၀ိတ်ချတာ ဘာကြောင့်လို့ ရှင်ထင်လဲ
ကျွန်မကိုယ်ကျွန်မ မုန်တီးနေအောင် ရှင်လုပ်ခဲ့တာပဲ
ခွင့်လွှတ်ပါ ရှင့်ရဲ့ မျက်လှည့်တွေကို ငြီးငွေ့နေပြီ
ရက်ပေါင်းများစွာ ကြာခဲ့ပြီ
တတိယဆောင်းတွင်းကိုလည်း ဖြတ်သန်းရဦးမယ်
ကျွန်မကို ဘယ်လောက်ကြာကြာပစ်ထားမှာလဲ
လူတစ်ဦးကို ဖယောင်းတိုင်တစ်တိုင်ပဲ
သိပ်အယူမသီးစမ်းပါနဲ့
ကျွန်မက ရှင့်လို မအားဘူး
ခက်ခက်ခဲခဲရတဲ့ အောင်မြင်မှုက ပိုမက်မောစရာပေါ့
ရှင်ရော မိုးကုပ်စက်ဝိုင်းအသစ်ကို တောင့်တဖူးလား
ပေါ့ပေါ့ပါးပါး ဒဿန ဆာလောင်မှု ချစ်ခြင်းတရား မျှော်လင့်ချက်
ကျွန်မက ပုံပြင်တွေ စုဆောင်းနေကျပါ
အမှန်တရားဆိုတာ ရှုပ်ထွေးပါတယ်
တစ်ဦးဦးကတော့ ရိုးသားမှဖြစ်မယ်
အလိမ်အညာတွေကို နားထောင်ရတာထက်
ကိုယ်တိုင်လိမ်ညာလိုက်ရတာက ပိုကောင်းရဲ့မဟုတ်လား
အိပ်မက်မြူ




ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ

အစာရေစာတောင့်တကြောင့်ကြရမှု နေစရာအတွက် ပေကတ်သည်းညည်းခံရမှု
ခြောက်လှန့်မောင်းထုတ်ခံရမှု ရိုက်နှက်ထုထောင်းခံရမှု
ဘေးဖယ်ထုတ်ဆက်ဆံခံရမှု လျစ်လျူရှုခံရမှု အတန်းအစားခွဲခြားဆက်ဆံခံရမှု
အနိုင်ကျင့်ခံရမှု ချောင်ပိတ်အရိုက်ခံရမှုတွေနဲ့ ကျွန်တော်
ကြီးပြင်းလာတယ်
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကျွန်တော်ကိုယ့်ကိုယ်ကိုယ် (နာနာကျင်ကျင်) သိတတ်စမှာ ကျွန်တော်
ဒီအိမ်ပေါ်ကို ရောက်နေပြီ
ကျွန်တော်လမ်းမတွေပေါ် လျှောက်သွားတယ် ဒါပေမဲ့ အိမ်နဲ့ ဝေးဝေးတော့
ကျွန်တော်မသွားနိုင်ဘူး
ကျွန်တော်ကျင်လည်သွားလာနေတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးဟာ
သူစိမ်းနယ်ပယ်က အုပ်စုလိုက်စောင့်နေတဲ့ အစွယ်တဖွေးဖွေးနဲ့
သွားရည်တများများနဲ့ ကောင်တွေလောက်တော့ ရွံကြောက်စရာ မကောင်းသေးဘူး
ကျွန်တော့်ပတ်ဝန်းကျင်မှာ ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့တဲ့ ခွေးမသားတွေလည်း
နောက်ဆုံးမှာ အစာအတွက် မိန်းမအတွက် နယ်မြေအတွက် ကာကွယ်ရင်း လုယက်ရင်း
တိုက်ခိုက်ရင်း
ကွဲပြဲကြရတာပဲ
ကျွန်တော်ဟာ တစ်နေကုန်အပေါင်းအသင်းတွေနဲ့ တစီစီ
တစ်ခါတလေ တစ်ကောင်တည်းပျင်းရိငြီးငွေ့စွာ ငြိမ်သက်နေ
ညအိပ်ချိန်ကျရင် ဒီအိမ်ကို ပြန်လာပြီး အိမ်ကြီးထဲက တစ်ကိုယ်စာကျောခင်းရုံ
အိမ်သေးသေးလေးထဲ အသာလေးဝင်ပြီး ခွေခေါက်အိပ်စက်
ကျွန်တော်ဘာဖြစ်နေသလဲ ဘယ်သူမှမသိဘူး ဘယ်သူမှစိတ်မ၀င်စားဘူး ဘယ်သူမှ ဂရုမစိုက်ဘူး
ကျွန်တော်ဟောင်တဲ့ အသံကိုတော့ သူတို့ကြားတယ် ကျွန်တော်အမြီးနှန့်ပြမှပဲ
သူတို့သိတယ်
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကျွန်တော်ဟာ ဟောင်ဖွာဟောင်ဖွာလုပ်တယ် ကျွန်တော်ဟာ သခင်အားရတိုင်း ကျွန်ပါးဝခဲ့တယ်
ကျွန်တော့်ကို အရောဝင်ရင် ကျွန်တော်ပါးလျက်နားလျက်လုပ်တယ်
ကျွန်တော်သားရေပေါ်အိပ် သားရေနားလည်း စားခဲ့ဖူးတယ် ဒါပေမဲ့ ကျွန်တော်
တစ်မွန်းတည့်ပဲ ကောင်းစားခဲ့တယ် ကျွန်တော်ခုန်လို့လည်း ဖုန်မထခဲ့ပါဘူး
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကျွန်တော်ဟာ တကယ့်လူ အာဂလူ သူတို့ကိုယ်သူတို့ လူ့ဘ၀အဓိပ်္ပာယ်တွေ
လူ့ဘ၀အနှစ်သာရတွေ ရှာဖွေနေကြတယ်ဆိုတဲ့ မဟာလူသားတွေလိုလည်း
မတွေးခေါ်နိုင်ပါဘူး မစဉ်းစားတတ်ပါဘူး မမြော်မြင်တတ်ပါဘူး
ဒီကမ်္ဘာလောကကြီးနဲ့ ဒီကမ်္ဘာလောကကြီးကို ကျွန်တော်ရောက်ရှိလာခြင်းမှာ
အဓိပ်္ပာယ်တစ်ခုခုရှိသလား တွေးခေါ်ပြောဆိုဖို့ ကျွန်တော်ဉဏ်မမီပါဘူး
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကြီးကျယ်ခမ်းနားတဲ့ အတွေးအခေါ်တွေ ဒဿနတွေအကြောင်း ဆွေးနွေးပြောဆိုဖို့လည်း
ကျွန်တော့်မှာ ဘာသာစကားမရှိပါဘူး
ယနေ့ကမ်္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲ ကျွန်တော်မသိပါဘူး ယနေ့နိုင်ငံရေးကို
ကျွန်တော်နားမလည်ပါဘူး
ကူးသန်းရောင်းဝယ်ရေးကုန်သည်ပွဲစားစီးပွားရေးလုပ်ငန်းတွေကိုလည်း ကျွန်တော်
နားမလည်ပါဘူး
ယနေ့ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်အစိုးရက ဘယ်စနစ်နဲ့
အုပ်ချုပ်မင်းလုပ်နေသလဲဆိုတာလည်း ကျွန်တော်အမှန်တကယ်မသိပါဘူး
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကမ်္ဘာကြီးမှာ ကျွန်တော်နေထိုင်ရှင်သန်နေတဲ့ နေရာဟာ မမြင်နိုင်လောက်အောင်ကို
သေးသေးကျဉ်းကျဉ်းလေးပဲဆိုတော့ ကမ်္ဘာကြီး လုံးသလား ပြားသလားလည်း
ကျွန်တော်မသိနိုင်ပါဘူး
ကမ်္ဘာကြီးပေါ်မှာ လူတွေ အမျိုးမျိုးရှိတယ် ဟုတ်တယ် လူတွေကလည်း
အမျိုးမျိုးပဲ အခုတစ်မျိုး တော်ကြာတစ်မျိုး
ကျွန်တော် လွတ်လပ်စွာ ကျင်လည်ရှင်သန်ချင်တဲ့ တစ်ထွာတစ်မိုက်သာသာ
ကျွန်တော့်ဘ၀နယ်နိမိတ်ထဲ သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဥပဒေတွေ အမျိုးစုံအောင်
ရှုပ်ယှက်ခတ် ခြေချင်းလိမ်နေတယ် နောက်ယဉ်ကျေးမှုတစ်ခုအတွက်
မယဉ်မကျေးဖြစ်နေတဲ့ ယဉ်ကျေးမှုတစ်ခု
နောက် ဥပဒေတစ်ခုအတွက် ဥပဒေဘောင်အပြင်ရောက်နေတဲ့ ဥပဒေတစ်ခု
ကျွန်တော်က ဘယ်သူ့ယဉ်ကျေးမှုအောက်မှာ ရိုကျိုးလိမ်္မာအမြီးနှန့်ပြရမလဲ
ကျွန်တော်က ဘယ်သူ့ဥပဒေကို ပါးလျက်နားလျက်လုပ်ရမလဲ
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကျွန်တော်လည်း ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် ကိုယ့်ဥပဒေနဲ့ကိုယ်
ကိုယ့်အဓိပ်္ပာယ်နဲ့ကိုယ်ပေါ့ ကျွန်တော့်ဖြစ်တည်မှုက အရင်
ကျွန်တော့်အဓိပ်္ပာယ်က နောက်မှပဲ
ကျွန်တော်ဟာ လွတ်လပ်စွာ မွေးဖွားလာတာပဲ
ဒါကြောင့် ကျွန်တော့်မှာ တာဝန်တွေ ရှိလာတာပဲ
ကျွန်တော်သိသလောက်(ဉဏ်မီသလောက်)က ဒီနေ့ ထမင်းနပ်မှန်ဖို့ရယ်
ကျွန်တော့်ကို မွေးထားတဲ့ သခင်ကြီးရဲ့ အိမ်ကို
ကျွန်တော် စောင့်ကြပ်ကြည့်ရှုပေးဖို့ရယ်၊ (သခင်ကြီးက တခြားကောင်တွေကို
ပိုအရေးပေးဆက်ဆံရင် ကျွန်တော်ကြည့်မရဘူး မကျေနပ်ဘူး) ကျွန်တော်
ရပ်တည်ကျင်လည်နေတဲ့ နယ်နိမိတ်ကို ကာကွယ်ဖို့ရယ်
မိမိအရေပြားပေါ် လမ်းလျှောက်ထွက်လာတဲ့ ကပ်ပါးကောင်တွေကို ခါချဖို့ရယ်
ကျွန်တော်လက်လှမ်းမမီနိုင်တဲ့ နေရာကနေ ကျွန်တော့်သွေးစုပ်ပြီး ၀ဖီးနေတဲ့
မွှားကောင်တွေ ထပ်မပွားလာအောင် ဂရုစိုက်ဖို့ရယ်
ကျွန်တော့်ရဲ့မျိုးနွယ်စုတွေကို ကျူးကျော်ရန်ရှာတိုက်ခိုက်လာသူတွေရဲ့ ရန်က
ကာကွယ်ဖို့ရယ် တစ်နေ့က တခြားခွေးဝဲစားတွေ ချေးစားခွေးတွေနဲ့
တိုက်ခိုက်ရာက ရလာတဲ့ ဒဏ်ရာကို ပိုးထိုးလောက်တက်မဖြစ်အောင် (ဘယ်သူမှ
အရေးလုပ်ကြည့်ရှုနိုင်သူ မရှိတော့) ကိုယ့်အနာကိုယ် လျှာနဲ့လျက်ပြီး
ကုသဖို့ရယ် ပြီးတော့ လာမယ့် ရာသီမှာ မျိုးဆက်ချန်ဖို့
ကိစ်္စလုပ်ရဦးမှာရယ်
တွေ့တယ်မဟုတ်လား ကျွန်တော့်မှာ တာဝန်တွေအများကြီး
ကျွန်တော်မတော်တဆပြုတ်ကျမွေးဖွားလာတဲ့ ကာလနဲ့ ဒေသမှာ
ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပယောဂတွေအများကြီး ဒါမှမဟုတ်
ကျွန်တော့်ဖြစ်တည်မှုကိုယ်တိုင်က ပယောဂတစ်ခုလား
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
တချို့လူတွေကတော့ ထင်ကောင်း ထင်မယ် ကျွန်တော်ဟာ အိပ်လိုက်စားလိုက်
ကာမခံစားလိုက်နဲ့ သက်တမ်းတဖြည်းဖြည်းကုန်ဆုံးလာတဲ့ ခွေးတစ်ကောင်ပဲ
ဒါဖြင့် တခြားခွေးတွေ ဘယ်လိုအသက်ရှင်ကြသလဲ အသက်ရှူကြသလဲ
အမဲလိုက်ခွေးလုပ်တဲ့ ခွေးတွေ စုံထောက်ခွေးလုပ်တဲ့ ခွေးတွေ
ကြိုးတန်းပေါ်လမ်းလျှောက်ပြတဲ့ ဆပ်ကပ်ခွေးတွေ ခွေးလိမ်္မာလုပ်ပြတဲ့ ခွေးတွေ
ခွေးအလှပြိုင်ပွဲဝင်တဲ့ ခွေးတွေ ခွေးသရုပ်ဆောင်လုပ်တဲ့ ခွေးတွေ
ဒေါ်လာရာထောင်ချီတန်တဲ့ ခွေးတွေ ဂျက်လေယာဉ်ကြီးစီးပြီး
ရဲတိုက်ကြီးမှာ နေရတဲ့ ခွေးတွေ တချို့ခွေးတွေကျတော့ ဂရင်းနစ်စံချိန်ဝင်
တချို့ခွေးတွေကျတော့ ရုပ်တုတောင် ထုပြီး ဂုဏ်ပြုခံရ အားကျအတုယူစရာ
ခွေးမျိုးတွေပါပဲ
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ ကျွန်တော်ဟာ သာမန်ခွေးတစ်ကောင်ပါ
ဥပေက်္ခာပြုခံရမှုတွေ လှောင်ပြောင်စော်ကားခံရမှုတွေ
နောက်ဆုံး ချောင်ပိတ်အရိုက်ခံရမှုတွေဟာ
ကျွန်တော့်ဘ၀အပေါ်ကို ၀ဋ်ကြွေးတစ်ခုလို သစ်္စာရှိတဲ့ ဒုက်္ခတစ်ခုလို
ကျရောက်မြဲ ကျရောက်လျက်ပါပဲ
ဒါပေမဲ့ ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ကျေးဇူးရှိသူတွေ ချစ်ခင်ရသူတွေအပေါ် ထားရှိတဲ့
ကျွန်တော့်သစ်္စာစောင့်သိမှုကို ကျွန်တော့်အသက်ထက် တန်ဖိုးပိုထားပါတယ်
အချိန်ကာလက တိုက်စားလို့တောင် မပွန်းပဲ့သွားနိုင်တဲ့ ကြောက်မက်ဖွယ်
သံယောဇဉ်သွေးဟာ ကျွန်တော့်ရဲ့သက်တမ်းနဲ့မမျှအောင် ကျွန်တော့်ခန်္ဓာကိုယ်ထဲ
လည်ပတ်နေပါတယ်
ဒါပေမဲ့ ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ဒါတွေကို မဟာလူသားတွေ ကြားအောင် ကျွန်တော်ပြန်မပြောနိုင်ပါဘူး
ကျွန်တော့်ရဲ့ ဘာသာစကားကိုလည်း ကမ်္ဘာကြီးက နားလည်အောင် မဆက်သွယ်တတ်ပါဘူး
ဒီလိုနဲ့ပဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ကျွန်တော်ဟာ လူမသိသူမသိ လေလွင့်ပျောက်ကွယ်သွားရမှာပါပဲ
ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
ဖရန့်စ်ကာဖကာဆိုတဲ့ လူ ရေးသွားတာတော့ ရှိတယ်
လူအမျိုးမျိုးရဲ့ ဥပဒေအမျိုးမျိုးကြားမှာ အလကားနေရင်း နားမလည်နိုင်တဲ့
အမှုဖြစ် မဖြေရှင်းနိုင်တဲ့ တရားခံဖြစ်ပြီး
ဇာတ်သိမ်းခန်းမှာ ဒီဇာတ်ကောင်ဇာတ်သိမ်းခန်းမှာ ရေးသွားတာ
“ခွေးတစ်ကောင်လိုပဲ”တဲ့
မောင်ယုပိုင်



ဈေးဦးဈေးဖျား

ချယ်ရီတစ်ယောက်တော့ ထီဆိုင်မှာ အလုပ်ဖြစ်နေတယ်ကြားတယ် နေပါအေ
ဘယ်က ကြားတာလဲ ရေသန့်ဘူးကို ပိုက်နဲ့ စုပ်နေရတာလောက်ပဲ ရှိတယ် သော်တာဆွေ
ခေတ်မှာ ကျန်ခဲ့ပြီ အဲဒီပန်းသေးက ၀မ်းဝေးညှပ်ပြီးကတည်းက လမ်းဘေး
ကိုပဲ ငေးနေတယ်တဲ့ ချယ်ရီလည်း အခုအချိန်လောက်ဆို ဒီဂျေပွတ်နေလောက်ပြီ
ဘယ်အချိန်ရှိပြီလဲ အခုအထိ ညဥ့်က မနက်နိုင်သေးဘူးဆိုတော့ ကောင်းတာပေါ့အေ
လူသွားလူလာတွေကြားမှာ ဖူနေတာတွေ ရှာဆို ဖူနေတာတွေကနေ ဆူဝေတာတွေ
ဖြစ်ဖို့ ဟိုအနားဒီအနား ဟိုသွားဒီသွားလို့ ဟိုထိုင်ဒီထိုင် ဈေးများတာဆို
သိပ်မနိုင်ဘူး ဟိုကောင်မ ကြယ်စင် ဟိုနားမှာ သက်တံနဲ့ တွေ့လိုက်တယ်
ဒီအနားမှာ ပုလဲနဲ့ ရွှေစင် မနေ့က ဇယားကွက်တွေ ရွဲသွားလို့တဲ့ ငြိနေကျ
ကတက်ကြီး ဆိုင်ကယ်နောက်မြီးဆွဲလို့ စကိတ်စီးလိုက်ရတာ အမောဆိုပဲ
ခက်တယ်အေ ခက်တယ် အခုအချိန်မှာ လက်မလည်တာဆိုလို့ လျှောက်နေရတဲ့
လမ်းတွေပဲ ရှိတယ် လမ်းတွေကလည်း အလန်းတွေ မဟုတ်ဘူး လကုန်ရက်ကလည်း လာကို
မလာနိုင်ဘူး လကုန်ရက်မှာ လာနိုင်တာက လာစရာတွေပဲ လာပါ လာပါ
လကုန်ရက်မှာ လာမှ လကုန်ရက်မှာ တို့အတွက် လာမှာ ဟိုကောင်မ နေခြည်
လက်တို့ဖုန်းတွေ ဘာတွေနဲ့ပါလား ခုနစ်စဉ်ကြယ်ပြောင်
အမြီးထောင်နေလိုက်တာများ ငါတို့ ဒီမှာ ထိုင်နေတာ အီးတောင်
လှည့်ပေါက်ဖော်မရဘူး နေပါစေအေ အီးပေါက်ဖို့ အဆင်မပြေလို့နေမှာပေါ့ ဟိဟိ
ဒါနဲ့ နင်သိလား ဟိုနေ့က ငါ့သူငယ်ချင်းဟောင်း အဆင်ပြေနေတဲ့ ဟိုတယ်ကို
ရောက်တယ် သူကျက်စားတဲ့ နေရာအထိ ဓာတ်လှေကားနဲ့ တက်သွားတာ ဓာတ်လှေကား
ပြန်အဖွင့်မှာ ဓာတ်လှေကားအရင်းမှာ မင်းသမီးလေးနှစ်ယောက်တွေ့တယ်
အိုး... ပြောင်လက်နေတာပဲ တော်တော်လည်း တောင်တက်ကျွမ်းမယ့် ဇယားလေးတွေ
ငါ့ဘော်ဘော်ပြောတာတော့ ဒီက စပယ်ယာပတ်စ်လေးတွေတဲ့ ထင်တောင် မထင်ရဘူး
ယုန်ကလေးတွေလိုပဲ လက်ထဲမှာလည်း လက်တို့လေးတွေနဲ့
ကိုယ့်ဟာကိုယ်ကလိနေကြတာ ဟုတ်မှဟုတ်ပဲ ဒီဟာလေးတွေများ ကိုယ်တို့ဘက်ကို
ရွှေ့လာရင်တော့ ကိုယ်တို့တော့ ရှစ်ပဲ ကိုးပဲ တစ်ဆယ်ပဲ အီကိုတွေ ပွန်း
ကုန်တော့မှာပဲ ခက်တယ် အရေးထဲ ချောဆွဲရင် မောလည်း မောတယ် ပေါလည်း
တဖြည်းဖြည်းနဲ့ ပေါလာတယ် အဲဒကောင်မတောင် ကိုယ်တွေနဲ့ တခြားစီ အီမိုကေ
နဲ့ အနေအထားကလည်း အကြေစားပဲ နုဖတ်ဥအတ်နေတာပဲ KTV မှာ ကာရာအိုကေ
ဆိုပေးတာနဲ့တင် ရွှဲရွှဲစိုတယ်ဆိုပဲ ချာချင်သွင်းတာကလည်း ရေညှိနဲ့
ဂျင်ဆင်းနဲ့ဆိုတော့ ရွှေပဲ ကိုယ်တို့ဘ၀တွေ သြော်... ကိုယ်တို့များ
ဟိုမင်းသမီးလေးတွေဆို အခုမှ အသစ်တွေဆိုတော့ ဘာညာသာရကာ
မိုအကောင်းစားတွေနဲ့ အော်တိုချုပ်ကလေးတွေ တို့များ ဖလပ်ဖလပ်
တောင်ဖြစ်နေလို့ ကျောက်ချဉ်ကိုပဲ အားကိုးနေရတာ
လှေကြီးထိုးရိုးရိုးပေါ့အေ ဒါနဲ့ ညည်းရေချိုးခါနီး အိပ်ထ
လုပ်ဖြစ်ရဲ့လား အဲဒါအသာထားပါဦး ဟိုနေ့က အကြင်နာနဲ့ မေရီ
တံတားဖြူဘက်မှာ ဆရာလေးတွေနဲ့ တွေ့လို့ ခါလီပြန်လိုက်ရတယ်ဆို
ဒါတင်ဘယ်ကမလဲအေ ဟိုနေ့က ငါပါခါလီပြန်လိုက်ရတာ ဖတ်ဖတ်ကို မောလို့
အသက် နင်မှတ်မိသေးလား ဟိုနေရာလေ ကျူပင်တွေ ရှေ့က ပွကြီးတို့ဂေဟာ
အဲဒီအနားမှာ ရေရှိတယ်ဆိုလို့ ရွှေ့ကြည့်လိုက်တာမှ ဟော်လိုဂစ်တာကို
လက်သင်တွေ အတီးကျင့်သလိုပဲအေ ဆရာလေးနှစ်ပွေနဲ့ ဂွိပါလေရော ဘယ်ရမလဲ
ငါကလည်း မုန့်တီသောက်လိုက်တာပေါ့ ဒါပေမဲ့ သူတို့ကလည်း
မြေအိုးမြီးရှည်လောက်ရှိတယ် နေမကောင်းပါဘူးဆိုမှ ဇွတ်ဆိုလည်း မရဘူး
အရင်ကတော့ ဒီဇယားတစ်ခွင်မှာ မတွေ့ဖူးပါဘူး အဆင်လေးတွေကတော့
ကွက်စိပ်လေးတွေပဲ ဒါနဲ့ ငါလည်း ပြေလည်အောင် ခင်းလိုက်ရသေးတယ် သူတို့က
စိုင်းစိုင်းသီချင်းဆိုသလား မှတ်ရတယ် တစ်အချိုးတစ်ဆိုတာ မဟုတ်ဘူး
တကယ်က နှစ်အချိုးတစ် ဘီဖိုးပြီး အာဖတာ အာဖတာပြီး ဘီဖိုး နိုက်စ်ပြီး
ပရီးဗီးယဲ့စ် ပရီးဗီးယဲ့စ်ပြီး နိုက်စ် ဟာ့ဖ်တိုင်းမ်တွေဆိုရင်
ငါ့ကိုမကြားရတာ ကြာတဲ့ ကဗျာတွေ ရွတ်ပြကြသေးတယ် ခဏတော့ လန်းတယ်အေ
သေချာတာကတော့ သူတို့လေးတွေ အခုအထိ ရှင်ပြုရသေးပုံမပေါ်ဘူး ကြောက်လို့နဲ့
တူပါတယ် ခေါင်းပေါင်းတော့ ပေါင်းထားကြတယ် ဘယ်ရှိဦးမှာလဲ လွန်လွန်ရှိ
တွမ်တီတူး သရီးပေါ့ တစ်ခါတလေ ငဆမန်ထလာရင် အကြမ်းကြီးတွေပဲ ငါလည်း
ဘာတတ်နိုင်မှာလဲ လုပ်ပေါ့ ရှင်တို့က ရဲတွေပဲ မနက်ကျတော့ ငါလည်း ပရဆေး
ဆိုင်မှာ ၀ယ်ပြီး သွေးလိုက်ရတဲ့ ကျောက်ချဉ် ညည်းသိလား ငါတို့လည်း
ရော့ခ်ကာတွေပဲ ကြာလာရင် ငါတို့လည်း ကျောက်ဖြစ်တော့မယ် အဆိုးဆုံးက
ဖြည်းဖြည်းနားထင်တွေ ချိုင့်နေတာပဲ အဲဒါဘယ်လိုပြင်ရပါ့ ငါပြောသားပဲ
ရေချိုးခါနီးလေးပဲ အချိန်ပေးရမှာကို ဟော... ဟိုမှာ ညည်းအကွက်ရွှေ့လာတယ်
နည်းနည်းတယောထိုးလိုက် အဆင်ပြေရင် ငါ့အတွက်ပါ ကဗျာရေးလိုက်အေ့
ဘယ်လိုလဲ ချစ်ကိုကြီး လေစိမ်းတွေ တိုက်နေတယ်ပေါ့ မဟုတ်ရပါဘူး
နွေဦးရယ် ဟုတ်ပါတယ် ကိုကြီးရယ် အခုတလော နွေဦး မိုးရေတွေ မျှော်နေတာ
ရေစင်ဖျန်းမှ လန်းမယ့် အခြေပဲ ဟိုက်ရှား ဒိုင်တွေ လန်းနေပါလား
ကိုယ်တောင် ဂစ်တာမတီးဖြစ်တာ ကြာပြီ ဒါဆို ကြိုးညှိလိုက်လေ ဥသြထက်
လန်းတဲ့ သီချင်းအသစ်တွေ ချစ်ကိုကြီးကို ဆိုပြချင်တာ ကိုယ်တို့အဖွဲ့က
ခြောက်ယောက်နော် အတီးသမားတွေချည်းပဲ ဂစ်တာသိပ်ကြိုက်တယ်
ဂစ်တာပဲ တီးမယ် သာပါတယ်ဗျာ နွေဦးရင်ထဲမှာ သီချင်းတွေ ရှိပြီးသားပါ
လိုအပ်ရင် သစ်ခွကိုလည်း ပန်းတွေနဲ့ ဝေကိုဆိုခိုင်းတာပေါ့နော့ သူ
အင်ထရိုကောင်းတယ် အသံငြိမ်တယ် အိုး... သာပါတယ်ကွယ်
အိုး... ချစ်ကိုကြီးကလည်း နေပါဦး ကဲ... ကြည့်...
နေမကောင်းပါဘူးဆိုမှ ဇွတ်
ကျော်ညိုသွေး



အေက ဘီကို ပတ်နေတယ်လို့ မှတ်ယူပြီး ရေးရင်လည်း ဒီ (းးးးးးးးး)ပဲ ရတယ်
လမ်းကြောင်းက အံစာလို အကန့် ၂ မှာ ဆုံမယ် နည်းနည်းကွဲချင်ရင် ဂြီးဂြီး


အေးဆေးပဲ တစ်နေရာကို ကြည့်လိုက်ရင် စွမ်းအင်လိုလို ရတယ်
တိမ်တွေ တရွတ်ဆွဲနေတာ မင်းမှာသာ မျက်စိရှိရင် ကဗျာဖတ်လိုက်လို့ ရတယ်
ပတ်တီးစတွေ လုံးထွေးနေတာ အမြင်မတော်ဘူးလား တော်တော်မြင်သလား
အရပ်သားအားလုံးကို ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘာဖြစ်သလဲ
နေဘယ်အချိန်ရောက်မလဲ ကိုက်ခဲ မီးခိုးလုံးကြီးတွေ ဆို့နေတယ်
အားလုံးပျောက်သွားကြရတာပေါ့လေ ပျော်တာမျိုးရော မဖြစ်နိုင်ဘူးလား
သွေးကြောတွေကို ပေတံနဲ့ လာတိုင်းပြီး ဖြတ်တောက်ပစ်ကြတာလည်း
နေမကောင်းကြောင်းပြောပြရန် မေးရိုးကြီးတွေကို ဖြုတ်ခံရသလိုပေါ့
ဒင်လို့ ကိုယ်ထင်တယ် ဘာလဲ သိသလား ညောင်းညာ
လူးမရ လွန့်မရ ကြာတောင့်ကြာရှည်
သန်းခေါင်ကျော်မှာ နေ့တိုင်း တစေ်္ဆဖြစ်ရတယ် ဒဏ္ဍာရီ
ရေလို စီးတဲ့ ထိတ်လန့်တကြား
တောင့်ခဲနေမည်မှာ တောင့်ခံ စက်တွေကြား မင်္ဂလာပါ
ဆန်ခါပေါက်တွေကို ကျောဘက်ဆီ ရွှေ့လိုက်တယ် တကယ်
လက်ညှိုးလေး ထိုးထည့်ကြည့်တယ် အားးးးးးစ်
အထဲမှာ တစ်ခုခုရှိရင် ခက်ရချေရဲ့
ပြောင်းပဲ ထောပတ်လို့ သက်သောင့်သက်သာပြောင်းသုံးချင်လည်း သုံး
ဂန်းလို့လည်း တချို့ခေါ်ကြတယ် ချွင်းဂန်းကြီးဟာ လမ်းနဲ့ ဖိနပ်မှာ ကပ်နေတာ
စိတ်အနှောင့်အယှက်တစ်မျိုးရတယ်ပေါ့
ယုံကြည်မှုမရှိဖြစ်ရတဲ့ အကြောင်းတွေကို ညတိုင်းတော့ မပြောနိုင်ဘူး
အဲဒီရဲ့ အထိအတွေ့ဟာ အမွေးအမှင်တွေနဲ့ ထိတွေ့ရသလို ဂျိ ဂျိ
ကောင်းသလား အကုန်ကောင်းသလား
ကြည့်မိတဲ့ မျက်စိတွေ ယားကျိ မျှားခံရပြန်တယ် ကျိန်းစပ်နေတာပဲ မာယာ
ကိုယ့်လက်ညှိုးကိုယ် ကိုက်ဖြတ်စားပစ်လိုက်တယ်
သတ်္တ၀ါရဲ့ ဂျစ် ဂျစ် ဘာစကားပြောတာလဲ
တစ်မျိုးပြောင်း တစောင်းကောင်းသလား ဖုတ်လှိုက် ဖုတ်လှိုက် ထပ်ခါ ထပ်ခါ ပေါက်ပွားခြင်း
အရောင်ဆိုးထားတဲ့ ဗြောင်းဆန်နေသော ၀ဲထွက်ပေါက် တစ်ပေါက်ချင်း
ထွက်လို့ကို မရဘူး လျှောက်မထွက်နဲ့ ဘယ်တော့မှ နှစ်ခါထပ်မဖြစ်ဘူး
မြှောက်ကြ စားကြ နုတ်ကြ ပေါင်းကြ ကျပန်း
ဒီကောင်တွေ ခန်္ဓာထဲအထိ ၀င်လာရင် မီးတောက်ပစ်လိုက်တော့မယ်
ကင် အလယ်တစ်ပိုင်း အောက်တစ်ပိုင်း အပေါ်တစ်ပိုင်း
တူးကျွမ်းတဲ့အထိ ငါနဲ့ တူနေတယ်
သည်းထိတ်ရင်ဖိုဖူးကြတယ်မဟုတ်လား မကောင်းဆိုးဝါး
စိုးမင်းအောင



အယ်လ်ကိုဟောလ်နဲ့ လိင်ကိစ်္စနဲ့ တစ်နေ့ညက ၁၀၀ ရာခိုင်နှုန်းအပြည့်

အဲယားကွန်း ပူလောင်နေတယ် အယ်လ်ကိုဟောလ် ၇ ရာခိုင်နှုန်းနဲ့ ကိုယ်
ကိုယ်ပူနေတယ် တွေးချင်သလို တွေး ချောက်ချားစရာ မက်ဆေ့ခ်ျ
အချစ်အကြောင်း ငါကောင်းကောင်းကို မသိသေးဘူးဆိုတော့ ရယ်မိတယ်
လိင်ကိစ်္စ ၉၀ ရာခိုင်နှုန်းနဲ့ ကိုယ် ကိုယ်တို့ ကျန်တဲ့ ၃ ရာခိုင်နှုန်းကို မရှာမိ မတွေ့
မနက်ငါးနာရီနဲ့ ခုနစ်နာရီကြား ချောက်ချားစရာ မက်ဆေ့ခ်ျအကြောင်း ပူတယ်
စိတ်ပူတယ် ညီမလေး ကြာသပတေး သမိုင်းဦးဘုံမြေခေတ်က လုလင်ပျို
++ အချစ်ဆိုတာ ပိုက်ဆံတဲ့ အချစ်ဆိုတာ မြေအိုးမြီးရှည်တဲ့ အချစ်ဆိုတာ အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့် လိုက်တဲ့ စာသားတဲ့ ဒါအကျင့်ပဲ
ခေတ်ပေါ်အချစ်အကြောင်းအဓိပ်္ပာယ်ဖွင့်ဆိုချက်အသစ် စာသားတချို့နဲ့ ကိုယ့်ခပ်တိုးတိုး
ဒါအမူအကျင့်ပဲ သိပ်ကြိုက်မိရင် ကိုယ့်မှာ ခဏခဏ ပျင်းရိငြီးငွေ့စရာ အခြေအနေ
အခန်းတစ်ခန်းရှိလိမ့်မယ် အဲယားကွန်း ပူလာမယ် ကန့်လန့် ဘာအရောင်ဖြစ်ဖြစ် အပြည့်ဖြန့်ချမယ်
တီဗီထဲမှာ တီဗီသေးသေးလေးတစ်ခု ပုန်းလျှိုးကွယ်လျှိုးရှိနေမလား ကိုယ်အခု အခန်းထဲ
အဲယားကွန်းက လွဲလို့ ကျန်တာအားလုံး ပူလာမယ် ကိုယ်လည်း ပါတယ် ကိုယ်ပူလာတယ်
ဘ၀မှာ ဒီအကြောင်းက လွဲလို့ ပျင်းစရာတွေချည်း လိင်ကိစ်္စပါဝင်ပတ်သက်မှု ၉၀ ရာခိုင်နှုန်းနဲ့
ဘရူနိုမားစ်သီချင်းတွေက လွဲလို့ ကိုယ့်ဝက်ဘ်ပေ့ခ်ျလေးက လွဲလို့ ကဗျာတွေက လွဲလို့ အဆိပ်ခွက်က လွဲလို့ သတ်သေချင် စရာတွေချည်း
ကြိုးကွင်းတွေအနား မမခရေ ပြောဖူးတယ် မင်းက သိပ်ရယ်ရတာပဲ ဆက်သွယ်မှုဧရိယာပြင်ပ ညီမလေး တစ်ခါတလေသိရဲ့နဲ့
မသိသလိုနေမှ ဖြစ်မယ့် ကိစ်္စတွေ ရှိတယ် အစ်ကို
တစ်ခွန်းတည်း စိတ်ပူသွားတယ် ကိုယ်ပူသွားတယ် ပိုက်ဆံ မြေအိုးမြီးရှည် အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့်ထားတဲ့ စာသားအပြင်
အချစ်ဆိုတာ အွန်လိုင်းစာမျက်နှာက လက်မခံလို့ ပြန်အန်ထွက်လာတဲ့ စာသားလည်း ဖြစ်တယ် တယ်လီဖုန်းထဲက အသံဖိုင် လည်း ဖြစ်တယ် တစ်ခွက်
နောက်တစ်ခွက် အ၀ါရောင် ရွှေရောင် ထပ်မထည့်နဲ့ ထပ်မထည့်နဲ့တော့ သူငယ်ချင်း ရင်ထဲမှာ ပူနေပြီ လောင်နေပြီ ကိုယ်ပူ နေပြီ
ဖိနပ်ချွတ် ခြေဆင်းထိုင်တယ် ဒီမှာ ဟေ့ကောင်... အချစ်ဆိုတာ တော်ပါတော့ကွာ
အယ်လ်ကိုဟောလ် လူငယ်တွေပြောနေကျ မဲပြာပုဆိုးလိင်မှုကိစ်္စ ၇ ၂၀ ၆၀ ၉၀ ရာခိုင်နှုန်း တဖြည်းဖြည်း
မြင့် မြင့် မြင့်တက်လာတဲ့ အခြေအနေ နာရီဝက် တစ်နာရီ နှစ်နာရီ နံနက်
ကိုယ် ကိုယ်တို့ ငါးယောက် ပူလောင်နေတယ် အယ်လ်ကိုဟောလ်အခိုးအငွေ့နဲ့ လိင်စိတ်အခိုးအငွေ့နဲ့ အဲယားကွန်း တစ်ဆယ့် ခြောက်ဒီဂရီ ဆဲလ်စီးယပ်စ် ကိုယ်ပူလာတယ်
စိတ်ပျက်လက်ပျက် လူသားဘ၀ အသက်ရှင်မှု အတ်္တ အသက်ရှူရပ်ပစ်လိုက်ချင်စရာ ကမ်္ဘာ ကြားပေါက်ကလေးတစ်ခုထဲ ကိုယ် ငါးယောက် အဲယားကွန်း လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ
စိတ်ဓာတ်ပဲ ကိုယ်ပူလာပြီ ကြားပေါက်ကလေးထဲ
ကိုယ်တို့ အထာနဲ့ အကန့်နဲ့ တစ်နာရီ နှစ်နာရီ အယ်လ်ကိုဟောလ် ၈၀ ရာခိုင်နှုန်း လိင်ကိစ်္စ ၉၀ ရာခိုင်နှုန်း ကိုယ့်အထာနဲ့ကိုယ် ရှာမတွေ့တဲ့ ၃ ရာခိုင်နှုန်းကို ဖျောက်ပစ်လိုက်ကြတယ် နံနက် ၃ နာရီအထိ
သူရဿဝါ
++အောင်ရင်ငြိမ်း၏ ကဗျာစာသား

No comments: